Friday, September 28, 2018

မြစ်သားမြို့၌ အမျိုးသမီးကော်မတီမှ အသိပညာပေးဟောပြော



မြစ်သား စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ကျောက်ဆည်ခရိုင် အမျိုးသမီးကော်မတီက အသိပညာပေးဟောပြောပွဲကို အမှတ်(၇)အထည်စက်ရုံ၏ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂နာရီက ဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြာပွဲသို့ ကျောက်ဆည်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးနှင့် ခရိုင် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မြစ်သားမြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် အဖွဲ့ဝင်များ၊ အမှတ်(၇) အထည်စက်ရုံမှ လုပ်သားများ တက်ရောက်ကြသည်။

ထိုသို့ဟောပြာရာတွင် ကျောက်ဆည်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးက အဖွင့် အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဒေါ်သီတာလွင်က သက်ငယ် မုဒိမ်းကာကွယ်ရေးကို လည်းကောင်း၊ ဒေါက်တာ မင်းထက်စိုးက HIVနှင့်AIDSရောဂါ သိကောင်းစရာများကို လည်းကောင်း၊ မြစ်သားမြို့မရဲစခန်းမှ ရဲအုပ်ဇော်မိုးက မှုခင်းကျဆင်းရေးကို လည်းကောင်း၊ ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံလှက အလုပ်သမား အကျိုးခံစားခွင့်များကို လည်းကောင်း၊ ပလိပ်ရဲကင်းစခန်းမှူး ရဲအုပ်လှညွန့်က အမျိုးသမီးများကို ကာကွယ်ပေးသည့် ဥပဒေများကို လည်းကောင်း ဟောပြောဆွေးနွေးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment