Friday, September 28, 2018

ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ် လယ်တာကောင်း ကျောင်းမှ ကျောင်းသား/သူများ နို့တိုက်ကျွေး


မလှိုင် စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့အထိမ်းအမှတ်အဖြစ် နွားနို့တိုက်ကျွေးခြင်းကို မလှိုင်မြို့ နယ်၊ လယ်တာကောင်းကျေးရွာ အလယ်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။


ကျောင်းသား/သူများ ကျန်းမာဖွံ့ဖြိုး ၊ ဉာဏ်ရည်တိုးတက်စေရန်အတွက် ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးခြင်း လုပ်ငန်းအစီအစဉ်ကို သတ်မှတ်ပြီး နှစ်စဉ် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါနေ့က လယ်တာကောင်း အ.လ.က ကျောင်းမှ ကျောင်းသား/သူ (၂၃၄) ဦးတို့အား မလှိုင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပိုးသန့်စင်ထားသော နွားနို့များကို တိုက်ကျွေးခဲ့ကြသည်။

နို့တိုက်ကျွေးခြင်း အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးကို ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပေါက်ပေါက်နှင့်အဖွဲ့ဝင်များ၊ ကျောင်း အကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေသန်းနှင့် ဆရာ/မများ ၊ ရပ်မိ /ရပ်ဖများ တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)


No comments:

Post a Comment