Friday, September 28, 2018

နိုင်ငံတော် ပြတင်းတစ်ပေါက်စနစ် ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


ရန်ကုန် စက်တင်ဘာ ၂၇
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အလျောက် အဖွဲ့ဝင်နိုင်ငံ များအကြား ချိတ်ဆက်အသုံးပြုမည့် အာဆီယံ ပြတင်းတစ်ပေါက်စနစ်သို့ ဝင်ရောက် ချိတ်ဆက် အသုံးပြုနိုင်ရေး၊ နိုင်ငံတော် ပြတင်းတစ်ပေါက်စနစ် (National Single Window) ပေါ်ပေါက် လာစေရေးအတွက် ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်က နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။

ဆက်လက်၍ နိုင်ငံတော်ပြတင်းတစ်ပေါက် စနစ် ပေါ်ပေါက်လာရေး Blueprint ရေးဆွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို အဆိုပါ ဟိုတယ်၌ နံနက် ၁ဝ နာရီခွဲတွင် ကျင်းပရာ ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က မိန့်ခွန်းပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ World Bank မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး Blueprint ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းစဉ် များကို ဆွေးနွေး ခဲ့ကြသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် ရလဒ်များအပေါ် အခြေခံ၍ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလအပြီး Blueprint အား ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment