၁။
အာဆီယံဆုအတွက် လျှောက်လွှာတင်သွင်းနိုင်သည့်ရက်ကို မူလ သတ်မှတ်ခဲ့သော ၂၇-၉-၂၀၁၈ ရက်နေ့အစား
၃-၁၀-၂၀၁၈ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားပါကြောင်း အသိပေးအပ်ပါသည်။
၂။
အဆိုပါ အာဆီယံဆု (ASEAN Prize)သည် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးက အာဆီယံ၏ ဂုဏ်ပုဒ်၊
အာဆီယံစိတ်ဓာတ်နှင့် အောက် ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံလမ်းစဉ်တို့ကို
မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်/ အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို
အသိအမှတ်ပြုသည့် အနေဖြင့် ပထမဆုံးအကြိမ် ပေးအပ်မည့်ဆု ဖြစ်ပါသည်-
(က)
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ
(
ခ) အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား ပူးပေါင်းဆောင်ရွက်မှုများ
(ဂ)
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှုများ
(ဃ)
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများ မြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ
(င)
အာဆီယံအသိုက်အဝန်း တည်ထောင်ရေးအတွက် သိသာ ထင်ရှားသည့် ဆောင်ရွက်မှုများ
၃။
အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် ဒိုင်အဖွဲ့ကို လက်ရှိ အာဆီယံ အတွင်းရေးမှူးချုပ်နှင့်
အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားပြီး ဆုရရှိသူအား အမေရိကန် ဒေါ်လာ
၂၀၀၀၀ ချီးမြှင့် သွားမည်ဖြစ်ပါသည်။ ယင်းဆုကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပ မည့်
အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပါသည်။
၎။
အဆိုပါဆုအား လျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား
(သို့မဟုတ်) အဖွဲ့အစည်း ဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံပြီး ပြည်သူကို
ဦးတည်၍ ပြည်သူကို ဗဟိုပြု သည့် အာဆီယံ အသိုက်အဝန်းထူထောင်ခြင်းနှင့် အာဆီယံဒေသတွင်း
ပူးပေါင်းဆောင်ရွက်မှုများတွင် လျှောက်ထားမည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းမှ ၂၀၁၇ ခုနှစ်၊
ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း ပါဝင်ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများနှင့်
ရှေ့ဆက်၍ အာဆီယံနှင့် ပတ်သက်၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကို စာမျက်နှာ (၃)မျက်နှာမှ
(၅)မျက်နှာအကြား (အင်္ဂလိပ်ဘာသာဖြင့်) အကျဉ်းချုပ် ရေးသားဖော်ပြရမည် ဖြစ်ပါသည်။
၅။
အကျဉ်းချုပ်တွင် ပါရှိရမည့် အချက်အလက်များကို လျှောက်လွှာပုံစံ တွင် ဖော်ပြပါရှိပါကြောင်းနှင့်
လျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၏ အင်တာနက်စာမျက်နှာ
https://asean.org/? static post=asean-prize-2018 တွင် ရယူ၍ အာဆီယံရေးရာဦးစီးဌာန၊
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော် (သို့မဟုတ်)
dgasean@gmail.com ကို လိပ်မူလျှောက်ထားနိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။
အသေးစိတ် အချက်အလက်များကိုလည်း ဖော်ပြပါ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင်
လေ့လာကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
No comments:
Post a Comment