ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ ''နိုင်ငံစီးပွားခရီးသွားဖြင့် ကြိုးပမ်းတိုးမြှင့် ကမ္ဘာအဆင့်'' ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒေါ်ခင်သန်းဝင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန)၊ ဒေါ်မေမြတ်မွန်ဝင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း)၊ ဦးခင်ဇော် (အကြံပေး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်)၊ ဦးသက်လွင်တိုး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း)နှင့် ဦးအောင်မျိုးမင်းဒင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း) တို့က ပါဝင်ဆွေးနွေးကြသည်။
အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို
ဆက်လက်ဖော်ပြအပ်ပါသည်-
(ယမန်နေ့မှအဆက်)
ဦးခင်ဇော်။ ။ အထူးသဖြင့် ဂေါက်ရိုက်တဲ့အချိန်က အင်မတန် အရေးကြီးပါတယ်။ ပူလို့ မဖြစ် ဘူး။ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေဟာ ကျွန်တော် တို့နိုင်ငံမှာ တကယ်ကို ရာသီဥတုကောင်းတဲ့အချိန်၊ အဲဒီ အချိန် သူတို့မှာက golf tourism၊ ရက်ရှည်ပိတ်တဲ့ လဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာက ရာသီဥတုကောင်း တဲ့အချိန်၊ နေပူရင်လည်း မကောင်းဘူး။ ခုနကပြောတဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီဆိုရင် ကျွန်တော်တို့ golden holiday နဲ့ ဝင်ငွေရအောင် ရှာလို့လည်းရတယ်။ ဟိုတယ် တွေလည်း ဖြည့်နိုင်တယ်။ ဒီခရီးသွားလုပ်ငန်းကလည်း အင်မတန်ကို ခေတ်စားလာတဲ့ ခရီးသွားလုပ်ငန်းဖြစ်ပါ တယ်။

အစီအစဉ်မှူး။ ။ ခရီးသွားကဏ္ဍကို ဆွေးနွေးရင်း
လေကြောင်းလိုင်းတွေ အကြောင်း စဉ်းစားမိပါတယ်။ transit တွေနဲ့ စီးပြီး အလည်လာရတာ မျိုးက
ခရီးသွားကဏ္ဍကို ထိခိုက်စေသလားဆိုတာ စဉ်းစား မိတယ်။ ဒါကိုလည်း ဆွေးနွေးပေးစေလိုပါတယ်။
ဦးအောင်မျိုးမင်းဒင်။ ။ အဓိကတော့ တိုက်ရိုက်လေကြောင်း မရှိတဲ့အခါ ကျွန်တော် တို့နိုင်ငံကို အလည်လာရတာ ဈေးကြီးသလို ဖြစ်သွားတယ်။ အကုန်လုံးနီးပါးက transit by ထားတဲ့အတွက် one transit ဈေးကြီးတာမျိုး ဖြစ်လာတယ်။ secondary destination ဖြစ်လာတယ်။ နောက်တစ်ခုက ဦးသက်လွင်တိုး ဆွေးနွေးသွားတာကို ဖြည့်စွက်ဆွေးနွေးချင်တာက အနောက်ကို ရာခိုင်နှုန်းပြန်တွက်မယ်ဆိုရင် ၃၈ ရာခိုင်နှုန်း လောက် ဥရောပသားတွေ ဖြစ်တယ်။ လက်ရှိအနေအထား အရ အနောက်ဘက် ပြဿနာကြောင့်မို့လို့ မီဒီယာကလည်း မဖောက်ထွင်းနိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံကို အမြင်စောင်းတာတွေရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့ အနေနဲ့ ဘယ်လို အကြံဥာဏ်ရှိသလဲဆိုတော့ come and see ဆိုတဲ့ လှုပ်ရှားမှုတစ်ခုလောက် ၂ဝ၁၉ ခုနှစ်မှာ လုပ်ချင်ပါတယ်။ A taste of Myanmar ကို ထပ်ပြီးပေးနိုင် အောင်ပါ။
ဒေါ်မေမြတ်မွန်ဝင်း။ ။ ဒီနေရာမှာ ကျွန်မအနေနဲ့ မျှဝေ ဆွေးနွေးချင်တာ ရှိပါတယ်။ မနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က travel bank အကြောင်းပြောလိုက်သေးတယ်။ အကျိုးသက်ရောက် မှုကတော့ LA travel bureau က ချက်ချင်း လှုပ်ရှားမှု ပြန်လုပ်တယ်။ political event တွေကို အမြဲတမ်းပြန်ပြီး counter ပြန်လုပ်ရတယ်။ ဒေါ်နယ်ထရန့်က ပြောတော့ LA မှာ တချို့ arrival တွေက နည်းနည်းကျသွားတယ်။ ချက်ချင်း impact ကို တွေ့သွားတဲ့အတွက် everyone is welcome ဆိုတဲ့ လှုပ်ရှားမှုပြန်လုပ်တယ်။ အဲဒီဗီဒီယိုထဲမှာ ဟောလိဝုဒ်ကို အခြေခံထားပြီးတော့ diversity ကို ပြလိုက်တယ်။

ဦးအောင်မျိုးမင်းဒင်။ ။ ကျွန်တော်တို့နိုင်ငံ
ရန်ကုန်မှာဆို ဆူးလေဘုရားရှိတယ်။ ဘုရား ဘေးမှာပဲ church ကျောင်းရှိတယ်။ ဗလီရှိတယ်။
ပြီးတော့ နှစ်မိနစ်လောက် လမ်းလျှောက်ရင် ဟိန္ဒူဘုရားကျောင်းရှိ တယ်။ အတူယှဉ်တွဲနေထိုင်တယ်။
ကျွန်တော်တို့တွေက တစ်ဖက်စွန်းရောက်တဲ့နိုင်ငံမဟုတ်ဘူးဆိုတဲ့ဟာကို ပြချင် တယ်။
ပြည်ထောင်စုဝန်ကြီး။ ။ ဒီနေရာမှာ Media fan trip တို့၊ B to B fan trip တို့ အစရှိ သဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက်၊ ခရီးသွား လုပ်ငန်းဈေးကွက်အတွက် အကျိုးပြုမယ့်အဖွဲ့တွေ ဖိတ်ဖို့ ကောင်းတယ်။ ဖိတ်ပြီးတော့ မြန်မာနိုင်ငံကို တိုးတက် အောင် လုပ်နိုင်အောင်ပါ။

ဒေါ်မေမြတ်မွန်ဝင်း။ ။ ဟုတ်ကဲ့ပါ။ အခုလည်း ကော်မတီ ငါးခုနဲ့ အတူတူတွဲပြီးတော့ Coordinate လုပ်ပြီး Target Market တွေ၊ ကိုရီးယား၊ ဂျပန်၊ အာဆီယံ၊ ဥရောပ ဒီဈေးကွက်တွေကိုTarget ထားပြီးတော့ အဲဒီကနေ မီဒီယာတွေရော၊ Travel Agent တွေရော၊Travel Agent ဆိုတဲ့အခါမှာ အသစ်တွေ Potential ရှိတာတွေရှာပြီး ဖိတ်ဖို့ အစီအစဉ် ရှိပါတယ်။ ပြီးတော့ Key Opinion Leader တွေ၊ instagramer တွေ၊ Bolcker တွေကိုလည်း ဖိတ်ဖို့ အစီအစဉ်ရှိပါတယ်။ ခရီးသွားလုပ်ငန်းက intangible ပါ။ Customer က မဝယ်ခင်၊ မရောက်လာခင်မှာ သူတကယ်ကောင်းလား ဆိုတာ မသိနိုင်ဘူး။ intangible ထိလို့ကိုင်လို့ မရတာတွေကို၊ ထိလို့ကိုင်လို့ ရလောက်နီးနီးကို ဖန်တီးပြုလုပ်ပြီးတော့ ပုံပြင် တွေများများပြောပြမယ်။ ဆွဲဆောင်ရပါမယ်။ ဆွဲဆောင်တဲ့ အခါမှာလည်း တစ်ခါကျရင် Marketing က ကောင်းသွား ပြီး Product က လိုက်မမီလို့ ရှိရင်လည်း အဲဒီနေရာက ဆိုးကျိုးရှိပါတယ်။ ထုတ်ကုန်ဆိုတာ ဝန်ဆောင်မှုပါပဲ။ ဝန်ဆောင်မှု၊ အခြေခံအဆောက်အအုံ၊ ခရီးသွားမြင်ကွင်း တွေကအစ Customer လာမယ့်အခါမှာ မျှော်မှန်းချက်နဲ့ ညီအောင်ပါ။
ဦးခင်ဇော်။ ။ အနောက်နိုင်ငံတွေကို ဆွဲဆောင်မယ်ဆိုရင် မက်လုံးပေးရတယ်။ မက်လုံးဆိုတာ ဗီဇာ ပေါ်လစီကို ဖြေလျှော့တာ၊ အာဆီယံနိုင်ငံတွေထဲမှာ ယှဉ်ပြိုင်ပြီးတော့ လုပ်ရတဲ့အခါ Tourist Attraction လို့ခေါ်တဲ့ Tourist Destination တွေကို လွယ်လွယ်ကူကူ နဲ့ သွားလာနိုင်အောင် ပိုပြီး Promote လုပ်ရမယ်။ ဝန်ကြီး ပြောပြသလို နှင်းဖုံးတောင်တန်းတွေရှိတယ်။ tourism dream ရှိတယ်။ tourism dream ဆိုတာ မြန်မာနိုင်ငံ လာရင် လုပ်ချင်တာမျိုးရှိတယ်။ ဘာလုပ်ချင်လဲဆိုတော့ ပူတာအိုဘက်မှာ trekking လုပ်ချင်တယ်။ Once in a Life Time ပေါ့။
သဘာဝအလှအပ
တချို့ကျတော့လည်း ပုဂံရောက်ရင် အပျော်စီးမီးပုံးပျံ နဲ့ ပုဂံဘုရားတွေကို ကြည့်ရှုချင်တယ်။ နောက်တစ်ခုက တောင်ဘက်ပိုင်း မြိတ်ကျွန်းစုဘက်မှာဆိုရင် ရေငုပ်ချင် တယ်။ ရေငုပ်တယ်ဆိုတာလည်း တကယ်ကို ရေငုပ်တဲ့ ဝါသနာပါလို့ မဟုတ်ဘူး။ တစ်ခါလောက်တော့ ရေငုပ် ကြည့်ချင်တာ။ ကျွန်တော်တို့ မြိတ်ကျွန်းစုမှာရှိတဲ့ Ecosystem က မပျက်စီးသေးဘူး။ ဥပမာဆိုရင် ထိုင်း နိုင်ငံ ဖူးခက်မှာဆို ပျက်စီးလို့ တချို့ကျွန်းတွေ ပိတ်ထားရတဲ့ အခြေအနေမှာ မြိတ်ကျွန်းစုမှာ တကယ့်သဘာဝအလှအပ တွေ မြေအောက်၊ ရေအောက်အများကြီး ရှိသေးတဲ့အတွက် ဒီလို ဆွဲဆောင်မှုရှိတဲ့ နေရာတွေကို လာနိုင်အောင် ခရီးသွား မီဒီယာ၊ ခရီးသွား စာရေးဆရာတွေကို ဖိတ်ပြီးတော့ ပြသရင် ကျွန်တော်တို့ ကိုယ့်အကြောင်းကို ပြောတာထက်၊ သူတို့ပြောရင် ပိုပြီးတော့ အနောက်နိုင်ငံတွေက များများ လာမယ်။ ဒါကြောင့် စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရေးကို ဒေါ်မေမြတ်မွန်ဝင်းတို့က လုပ်ပါခင်ဗျ။
ပြည်ထောင်စုဝန်ကြီး။ ။ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံး ပတ္တမြားက မြန်မာနိုင်ငံက ထွက်တာပါ။ အခု မိုးကုတ်ကို သွားလည်ခွင့်ပေးပြီ။ ဒါက လည်း One Of the Attraction ပါပဲ။ ဒါက new destination ပါ။ အရှေ့တောင်အာရှမှာ ဒီလိုမျိုးကောင်းတဲ့ ပတ္တမြားမရှိဘူး။ ဒါကလည်း ခရီးသွားလုပ်ငန်းအတွက် ဂုဏ်ယူစရာပါပဲ။
အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံကို လာလည်တဲ့အခါ၊ ဥပမာ package tour ထဲမှာ မပါတဲ့ နေရာတွေကို အားတဲ့အချိန် တစ်ဦးချင်း လေ့လာတာမျိုး ရှိတယ်။ ဒီလို လေ့လာတဲ့အခါ ဈေးတွေနဲ့ တချို့နေရာ တွေမှာက ညစ်ပတ်နေပြီး လေ့လာလို့ မကောင်းတာမျိုးတွေ ရှိတယ်။ သူများနိုင်ငံတွေမှာ ဈေးတွေထဲမှာဆိုရင်လည်း သန့်ရှင်းပြီးတော့ သူတို့ရဲ့ ဒေသအရသာကို ပေးနိုင်အောင် ဆောင်ရွက်ထားကြတယ်။ ဒီလို အခြေခံတွေ ကောင်းရင် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကို အများကြီးအထောက်အပံ့ ပေးနိုင်တယ်လို့ ထင်ပါတယ်။ ဒီအပေါ်မှာလည်း ဆွေးနွေး ပေးစေချင်ပါတယ်။
ပြည်ထောင်စုဝန်ကြီး။ ။ ဒါကလည်း ကျွန်တော်တို့ကို အချိန်ကာလ တစ်ခုတော့ ပေးရ မှာပါ။ ဘာလို့လဲဆိုတော့ တိုင်းပြည်က ပိတ်ခဲ့တဲ့ကာလ လည်း ရှိခဲ့တာကိုး။ အဲဒီပိတ်ခဲ့တဲ့ ကာလရဲ့ ဆိုးမွေလို့ပဲ ပြောရမှာပေါ့။ အဲဒီဒဏ်ကို အခုထက်ထိ ခံနေရတုန်းပဲ။ ဒါပေမယ့် အခုခေတ်နောက်ပိုင်းမှာ လူငယ်လူရွယ်တွေက အစ၊ ကျောင်းသား ကျောင်းသူတွေကအစ အမှိုက်ကောက် တဲ့ Campaign တွေ လုပ်နေပြီ။ ဈေးသူ ဈေးသားတွေလည်း လုပ်နေပြီ။
တာဝန်ကျေအောင်
ငပလီမှာဆိုရင် ဟိုတယ်လုပ်ငန်းရှင်အသင်းက အမှိုက်ပုံဖို့ မြေနေရာ ဝယ်ပေးပါဆိုလည်း ဝယ်ပေးပါတယ်။ ဒီကြားထဲ အမှိုက်ကောက်ပြီးတော့မှ ကားပေါ်တင်ပေးပါ။ အမှိုက်ကောက်တဲ့သူ ခေါ်ပေးပါ။ ကားမောင်းတဲ့လူ ခေါ်ပေး ပါ။ ကားနောက်လိုက် ခေါ်ပေးပါ။ ဓာတ်ဆီထည့်ပေးပါ။ ဒီဇယ်ထည့်ပေးပါ ဆိုလည်း သူတို့တွေ ထည့်ပေးတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က ပြည်သူတွေကသိလာပြီ။ တာဝန်ကျေ အောင်လုပ်ဖို့ enforcement of Lawကလည်း အရေးကြီး တယ်။ ကျွန်တော်တို့ သက်ဆိုင်ရာ မြို့နယ်တွေမှာ တာဝန် ကျနေတဲ့ ပုဂ္ဂိုလ်တွေကလည်း ကိုယ့်ရဲ့မြို့နယ်ဖွံ့ဖြိုးမှု၊ စည်ကားမှု၊ တိုးတက်မှုအတွက်လည်း enforcement of Law တွေ ကျင့်သုံးဖို့လိုပါတယ်။ enforcement of Law ကို သေသေချာချာ လုပ်ဖို့လိုတယ်။ မလုပ်ရင်တော့ ညစ်ပတ် မှုတွေ၊ အမှိုက်သရိုက်ပေါများမှုတွေက ဖြစ်နေဦးမှာပဲ။
ဦးခင်ဇော်။ ။ ထိုင်းနိုင်ငံက ဘာလို့သန့်ရှင်းရလဲဆိုရင် ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေသွားတာ။ သူဆေးလိပ်သောက်တဲ့ အကျင့်ရှိတယ်။ ကျွန်တော်တို့ နိုင်ငံမှာလို ဆေးလိပ်ကိုလည်း တွေ့တဲ့နေရာ ပစ်ပစ်ချတာ။ သူနဲ့ ကျွန်တော် Open Market သွားတဲ့အချိန်မှာ သူ လစ်ပြီထင်ပြီး ဆေးလိပ်ကို ပစ်ချလိုက်တယ်။ ရဲကချက်ချင်း လာပြီး ဘတ် ၂၅ဝဝ ဒဏ်ရိုက်လိုက်တယ်။ ဒီလိုဆိုတော့ နောက်တစ်ခါ သွားတဲ့အခါကျတော့ သူမလုပ်ရဲတော့ဘူး။ အဲဒီလို ဆုပေး၊ ဒဏ်ပေးနဲ့လည်း နည်းနည်းလုပ်မှ ဖြစ်မှာပါ။
ဦးသက်လွင်တိုး။ ။Tourism Law အသစ်အရတော့ ဗဟိုကနေပြီးတော့ ရပ်၊ ကျေးအဆင့် အထိ အဆင့်ဆင့် အုပ်ချုပ်သွားတဲ့အခါ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့DMO (Destination Management Organization) ဒီသဘောတရားပါ။ Task Force ပေါ့၊ အစိုးရအဖွဲ့အစည်းတွေရော၊ လုပ်ငန်းရှင်တွေရော၊ community ရော၊ Expert တွေရောပါဝင်တဲ့ mechanism တစ်ခုလိုလာတယ်။ ဧည့်သည်တွေလာတဲ့အချိန်မှာ Capacity မနိုင်ရင် တစ်ခါဆက်ဆံ ဆယ်ခါလန်ဖြစ်သွားရင် Destination ကို နောက်လာမှာမဟုတ်ဘူး။ ဒီလိုဖြစ်စဉ် တွေကလည်း ရှေ့မှာကြုံခဲ့ဖူးတယ်။ ၂ဝ၁၂ ခုနှစ်လောက် က ပြုံဆင်းလာတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က အဆင်သင့် မဖြစ်တော့ ဈေးတွေကြီးတယ်။ ဒါတွေကိုလည်း အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။
ကြော်ငြာစရာမလို
နောက်တစ်ခုက direct long hull flight တွေ လာနိုင်ဖို့အတွက်လည်း ဌာနဆိုင်ရာတွေနဲ့ ကျွန်တော်တို့ အဖြေရှာရမယ်။ ၂ဝ၁၉ ခုနှစ်မှာ ဗီဇာဖြေလျှော့မှုတွေ လုပ်မယ်။ အခွန်အခတွေ၊ ဈေးကြီးတဲ့ကိစ္စတွေကို ပြေလျော့ အောင် နည်းလမ်းရှာပြီးတော့ Special Discount တွေ ပေးမယ်။ Value Serviceအတွက် Capacity တွေကို မြှင့်မယ်ဆိုရင် အများကြီး ကြော်ငြာစရာမလိုဘူး။
အစီအစဉ်မှူး။ ။ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ခရီး သွားကဏ္ဍရဲ့ ရှေ့ခရီးလမ်းနဲ့ပတ်သက် ပြီး ဆွေးနွေးပေးစေ လိုပါတယ်။
ပြည်ထောင်စုဝန်ကြီး။ ။ ရှေ့ရေးကိုမျှော်ရင်တော့ ရင်အေး စရာပါ၊ ရင်မအေးရတာတစ်ခု က ဘာလဲဆိုရင် ကျွန်တော်တို့ ဝန်ဆောင်မှုအပိုင်းမှာ ပါဝင် ပတ်သက်မယ့် အနာဂတ် လူငယ်တွေအတွက် လေ့ကျင့် သင်ကြားပေးမှုပေါ့။ သင်တန်းကျောင်းတွေ အများကြီး လိုပါတယ်။ သင်ကြားပေးမယ့် သူတွေလည်း အများကြီး လိုပါတယ်။ ဒီဟာကို နိုင်ငံတကာနဲ့ အဆင့်မီအောင်ဆိုရင် နည်းပညာတော့လိုမယ်။ ကျန်တဲ့အပိုင်းက မွေးရာပါတွေ၊ မွေးကတည်းကပါလာတာ ပြုံးဖို့ဆိုတာလည်း ဝန်မလေးတဲ့ သူတွေ၊ ဖိတ်ဖို့ဆိုလည်း ဝန်မလေးတဲ့သူတွေ၊ ကျွေးဖို့ဆို လည်း ဝန်မလေးတဲ့သူတွေ၊ ဒါပေမယ့် နည်းပညာအပိုင်းမှာ၊ ဝန်ဆောင်မှုအပိုင်းမှာ၊ အခန်းဝန်ဆောင်မှုအပိုင်း၊ အချက် အပြုတ်အပိုင်း၊ စီစဉ်တင်ဆက်တဲ့အပိုင်း၊ ဒါတွေလိုပါတယ်။ အစားအသောက်ပိုင်းမှာ နိုင်ငံခြားသား အနောက်နိုင်ငံ သားတွေဆိုတာ အစားစားမယ်ဆိုရင် မျက်စိနဲ့ အရင်စား တာ၊ ဒါကြောင့် အပြင်အဆင်ကောင်းဖို့ လိုပါတယ်။ ဒါတွေအတွက် သင်တန်းကျောင်းတွေလိုတယ်။ တစ်ဖက် ကလည်း ဦးသက်လွင်တို့ပြောသလို ကျွန်တော်တို့နိုင်ငံကို ဧည့်သည်တွေ များများလာစေချင်တယ်ဆိုရင် ဟိုတယ် ကောင်းတွေ၊ ဝန်ဆောင်မှုကောင်းတွေရှိရမှာ ဖြစ်သလို တစ်ဖက်ကလည်း လေဆိပ်တွေ လိုပါသေးတယ်။
အချိန်နဲ့အမျှ
အခုဟာက မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မှာပဲ ရှိသေးတယ်။ ငပလီ၊ ကော့သောင်းနဲ့ ဟဲဟိုးမှာလည်း လိုပါတယ်။ ပူတာအိုခရီးစဉ် ဖြစ်လာမယ်ဆိုရင် အဲဒီနေရာ မှာလည်းလိုပါတယ်။ ဒီလိုမဟုတ်ရင် ရန်ကုန်နဲ့ မန္တလေးရဲ့ လေယာဉ်ခက ရန်ကုန်နဲ့ ဘန်ကောက် သွားတာထက် များနေတယ်ဆိုပြီး လာမယ့်ဧည့်သည်တွေ တွန့်သွားမှာ စိုးရိမ်ရပါတယ်။ အဲဒီဟာတွေကိုလည်း အချိန်နဲ့အမျှ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိပြီးတော့ ဆောင်ရွက်နေ ပါတယ်။ ဒါပေမယ့် ခုရေတွင်းတူး၊ ခုရေကြည်သောက်တော့ မရဘူးပေါ့။ အချိန်ပေးပြီး သည်းခံစိတ်ရှည် ဇွဲသန်သန် နဲ့ ဝိုင်းဝန်းကာ ပုဂ္ဂလိကအပိုင်း၊ အစိုးရအပိုင်း၊ အားလုံး ပူးပေါင်းပြီးတော့မှ ညီညီညွတ်ညွတ် ဆောင်ရွက်ကြမယ် ဆိုရင် မြန်မာ့ခရီးသွားလုပ်ငန်းက ဖွံ့ဖြိုးတိုးတက်လာမှာပါ။
ဦးခင်ဇော်။ ။ ကျွန်တော် ဖြည့်စွက်ဆွေးနွေးချင်တာက UNWT ကပြောထားတာက ၂ဝ၂ဝ ပြည့် နှစ်ကျရင် ပြည်တွင်း ခရီးသွားလုပ်ငန်းကလည်း တိုးတက် လာမယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းကလည်း ဖွံ့ဖြိုးလာမယ်၊ လူတွေ ဟာ အတော်များများ အပြင်ထွက်လာမယ်။ အရင်တုန်းက တော့ ဗဟုသုတရအောင်၊ အခုတော့ အတွေ့အကြုံတွေ ရအောင်၊ ပညာရအောင်၊ ဒေသတစ်ခုကို သွားလေ့လာပြီး အဲဒီဒေသမှာ ဘယ်လိုလုပ်ငန်း အခွင့်အလမ်းတွေလုပ်လို့ ရမလဲ သွားကြည့်တာလည်း ပါတာပေါ့။ အခုအချိန်ကစပြီး တော့ ပြင်ဆင်ထားရမယ်။ အနောက် နိုင်ငံတွေက ခရီးသွား လုပ်ငန်းအဝင်ကျတယ်လို့ ပြောပေမယ့် Foreign Independent Traveler တွေ များလာမယ်။package tour အနေနဲ့သာ ကျသွားတာရှိမယ်။ online digital marketing၊ e-marketing နဲ့လာကြမယ်။ ကြားမှာ ခရီးသွားလုပ်ငန်းမလိုဘူး၊ သူတို့ဘာသာသူတို့ ဟိုတယ် Booking လုပ်မယ်၊ airline တွေလုပ်မယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ လူတွေအများကြီးထွက်လာကြမယ်။ အဲဒီဟာ ကို အခုကတည်းက ပြင်ဆင်ရမယ်။
ထိန်းသိမ်းတတ်ဖို့လို
မြိတ်ကျွန်းစုဆိုရင် ရှိတဲ့ သဘာဝအလှအပတွေကို ထိန်းသိမ်းတတ်ဖို့လိုတယ်၊ ငွေရပြီးရော ကဲ လာကြဆိုရင် မဖြစ်ဘူး။ ခရီးသွားလုပ်ငန်းမှာဆိုရင် environmental friendly capacity လို့ခေါ်တယ်။ area destinationနဲ့ နိုင်သလောက်၊ ဆံ့သလောက်ပဲ လက်ခံရမယ်။ လာနိုင် သလောက်လာ၊ ပိုက်ဆံရပြီးရောဆိုပြီး ကျွန်တော်တို့ capacity ကို လုပ်လို့မရဘူး။ ပြီးတော့ ပူတာအိုလည်း ထွန်းကားလာမှာပဲ။ သွားရေးလာရေးကလည်း လွယ်ကူ တဲ့အပြင် သူများနိုင်ငံမှာမရှိတဲ့ တိုင်းရင်းသားကျေးရွာတွေ ရှိတယ်။ နှင်းဖုံးတောင်တန်းတွေရှိတယ်၊ trekking လုပ်လို့ လည်း အင်မတန်ကောင်းတယ်။
ပြင်ဆင်ထားဖို့လို
အခုအချိန်မှာ ကိုယ်လုပ်စရာရှိတာကိုလုပ်ပြီး ပြင်ဆင် ထားရမယ်။ ကျွန်တော်တို့ သယံဇာတတွေ မဆုံးရှုံးဘဲနဲ့ နိုင်ငံခြားဝင်ငွေရမယ့် နည်းလမ်းကို ဥပမာ ထိုင်းနိုင်ငံဆိုရင် ဒီလုပ်ငန်းကရတဲ့ နိုင်ငံခြားငွေက ဘာမှဆုံးရှုံးမှု မရှိတဲ့အပြင် လုပ်ငန်းအခွင့်အလမ်းတွေ အများကြီးရလာ မယ်၊ ဝင်ငွေအများကြီးရလာမယ်။ ဒါကြောင့်မို့ အခုအချိန် က ပိုပြီးတော့စနစ်တကျ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ခရီးသွား လုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် အခုအချိန်မှာ ပြင်ဆင်ထား ဖို့ လိုတယ်ဆိုတာ ကျွန်တော်က မီးမောင်းထိုးပြချင်တာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ရှင်မင်း

No comments:
Post a Comment