နေပြည်တော် သြဂုတ် ၆
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး
အား Plan International Myanmar မှ Country Director ဖြစ်သူ Mr. Kelly Stevenson နှင့်အဖွဲ့က
ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
Plan International အဖွဲ့အစည်းအနေဖြင့် ဝန်ကြီးဌာနရှိ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနနှင့်
နားလည်မှုစာချွန်လွှာချုပ်ဆိုရန် ညှိနှိုင်းဆောင်ရွက်နေမှု ကိစ္စများ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်
နားလည်မှုစာချွန်လွှာ ရေးထိုးထားရှိပြီး လူငယ်ရေးရာမူဝါဒ ဆိုင်ရာကိစ္စရပ်များ၊ ရှေးဦးအရွယ်
ကလေးသူငယ် ပြုစုပျိုးထောင်ရေး လုပ်ငန်းများ၊ ကလေး သူငယ်များအား အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး၊
မူးယစ်ဆေးဝါးနှင့်အရက် အလွန်အကျွံသုံးစွဲခြင်းမှ ကာကွယ်တားဆီးခြင်း လုပ်ငန်းများ၊ လူမှုကာကွယ်
စောင့်ရှောက်ရေး လုပ်ငန်း များတွင် ပူးပေါင်း ဆောင်ရွက်မှုနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများ၊ လူမှုရေးရာ ဖြစ်ရပ်များစီမံခန့်ခွဲမှု
လုပ်ငန်းအားခေတ်မီ ဒစ်ဂျစ်တယ် နည်းပညာဖြင့် Online မှတဆင့် လွယ်ကူအဆင်ပြေစွာ စီမံခန့်ခွဲနိုင်ရေး
ကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment