Monday, August 6, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Dorothee Janetzke -Wenzel အား လက်ခံ တွေ့ဆုံ


နေပြည်တော် ဩဂုတ် ၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Dorothee Janetzke - Wenzel အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ဂျာမနီ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှု တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေးအတွက် အစိုးရနှင့် တပ်မတော်မှ ဥပဒေနှင့် အညီ ဆောင်ရွက်နေမှု ကိစ္စရပ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပခဲ့နိုင်မှု အခြေအနေများနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်အတွက် ဆောင်ရွက်နေမှု အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
 (သတင်းစဉ်)

No comments:

Post a Comment