နေပြည်တော် သြဂုတ် ၆
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်တင့်ဆွေသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E.
Mr. Taro KONO ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့်
ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ် ဆိုင်ရာ
ကိစ္စရပ်များ ဆွေးနွေးကြသည်။
ယင်းသို့ တွေ့ဆုံရာ၌ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr.
Ichiro MARUYAMAနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment