နေပြည်တော် သြဂုတ် ၇
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် ဒုတိယဥက္ကဋ္ဌ ၊
ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊IMF Resident
Representative Mr. Yasuhisa Ojima ၊ IMF Resident Advisor Ms. Irma
Kikvidze တို့နှင့် လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည့်
အစည်းအဝေးကို ယမန်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌
ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးစဉ် လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ငွေရေးကြေးရေး ကဏ္ဍဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ်၏ဥပဒေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ္ဍာရေးအစီရင်ခံတင်ပြခြင်းနှင့် ဌာနတွင်းစာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment