Wednesday, August 8, 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ဂျာမနီနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ



 နေပြည်တော် သြဂုတ် ၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင် ကြည်သည် ဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mrs. Dorothee Janetzke-Wenzel နှင့်အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး၊ အသိပညာပေးရေးတို့နှင့်ပတ်သက်၍ ဆောင် ရွက်နေသည့် အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ သတင်းပေးတိုင်ကြားသူများအား အကာ အကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment