နေပြည်တော် သြဂုတ် ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကုလသမဂ္ဂမြို့ ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ် (UN- Habitat)မှ Country Programme Manager,
Mr. Bijay Karma- charya နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး
H.E. Mr. Scot Marciel ဦးဆောင်သော အဖွဲ့တို့ က ယနေ့ နံနက်ပိုင်းနှင့်
မွန်းလွဲပိုင်းတို့ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌
လာရောက်တွေ့ဆုံသည်။
UN- Habitatအဖွဲ့နှင့် တွေ့ဆုံစဉ် မိမိတို့အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုး၍ နည်းပညာဆိုင်ရာကူညီ ပံ့ပိုးနေမှုများ၊ ရခိုင်ပြည်နယ်တွင် နိုင်ငံ တွင်း ပြန်လည်ဝင်ရောက်လာသူများ အတွက် ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာတွင် UN- Habitat မှ အကြံဉာဏ်နှင့် နည်းပညာဆိုင်ရာ အထောက်ပံ့များအား ရှင်းလင်း ဆွေးနွေးသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊UNHCR နှင့် UNDP တို့အကြား ရေးထိုးထားသော နားလည်မှုစာချွန်လွှာအား ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် နည်းပညာလုပ်ငန်းအဖွဲ့မှ ရခိုင်ပြည်နယ် သို့ ကွင်းဆင်းသွားရောက်ခဲ့သည့် ကိစ္စ၊ လူမှုသဟဇာတဖြစ်မှုအား ရှေးရှု၍ ရခိုင် ပြည်နယ် ကျောက်တော်မြို့နယ်အား စံပြမြို့နယ်အဖြစ် တည်ထောင်မည့်ကိစ္စ ရပ်များ၊ ယာယီခိုလှုံရေးစခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးအတွက် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ ချမှတ်နိုင်ရေး ဆောင်ရွက်နိုင်မှုများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးရေးလုပ်ငန်းများနှင့် အမေရိကန် နိုင်ငံအနေဖြင့် လိုအပ်သည့်နေရာများတွင် ကူညီပံ့ပိုးပေးနိုင်ရေးကိစ္စများအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment