Wednesday, August 8, 2018

ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


 နေပြည်တော် သြဂုတ် ၇

ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Laode Muhammad Syarif အား ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပါဝင် ဆောင်ရွက်ရသည့် အခန်းကဏ္ဍ၊ အဂတိလိုက်စားမှုဆိုင်ရာ မှုခင်းများကို တရားစွဲဆိုရာတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ နိုင်ငံဖြတ် ကျော်ကျူးလွန်သည့် အဂတိလိုက်စား မှုဆိုင်ရာမှုခင်းများကို စုံစမ်းစစ်ဆေး အရေးယူရာတွင် နှစ်နိုင်ငံအဖွဲ့အစည်း များအကြား အပြန်အလှန်အထောက် အကူပေးရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးကိစ္စ၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းများတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ဆောင်ရွက်မှုများကို ရင်းနှီးစွာဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

သတင်းစဉ်

No comments:

Post a Comment