Thursday, July 26, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော်၊ နိုင်ငံတကာရေးရာ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Mr. Aleksei Chepa အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော်၊ နိုင်ငံတကာရေးရာကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Mr. Aleksei Chepa အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ လွှတ်တော်တွင် ဥပဒေပြုရေး ကဏ္ဍများကို အထောက် အကူဖြစ်စေရန်အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ရုရှားနိုင်ငံ လွှတ်တော်သို့ သွားရောက်လေ့လာ၍ အတွေ့အကြုံများ ဖလှယ်ရေး၊ ဆီးရီးယားနိုင်ငံ ငြိမ်းချမ်းရေးရရှိရေးအတွက် ရုရှားနိုင်ငံမှ ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment