Thursday, July 26, 2018
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ
နေပြည်တော် ဇူလိုင် ၂၆
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် သက်တမ်းကုန်ဆုံး၍ လစ်လပ်လာမည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူးနေရာတွင် ဦးကျော်ကျော်မောင်အား ခန့်အပ်တာန်ပေးရန် အမည်စာရင်းပေးပို့ထားကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာ သည်။
ထို့နောက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်း လုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများ နှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းယ်ရေးဝန်ကြီးဌာန ဒုတိယန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးဝင်းမော်၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းတို့က ရှင်းလင်း တင်ပြကြသည်။
အလုပ်သမား၊ လူင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မူါဒ ၁၄ ချက်၊ ရည်မှန်းချက် ၂၁ ချက် ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်သားများ၏ လူနေမှုဘဝ လုံခြုံစိတ်ချပြီး လုပ်ငန်းခွင်ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်၊ အလုပ်သမား အခွင့်အရေးများ ပြည့်ဝစွာရရှိရန်နှင့် ခိုင်မာ တိကျ သော လူဦးရေစာရင်းဇယားများနှင့် ညွှန်းကိန်းများရရှိစေရန် မူဝါဒများချမှတ်၍ ကျွမ်းကျင်လုပ်သား အလုံ အလောက်ရရှိစေရန်၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်နှင့် အကျိုးခံစားခွင့်များကို ပြည့်ဝစွာရရှိစေရန်၊ အာမခံ အလုပ်သမားများ၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်စေရန် ရည်မှန်းချက်နှင့်အညီ အဓမ္မခိုင်းစေမှု ပပျောက် ရေးနှင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်ရေး အိုင်အယ်လ်အိုနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် အသုံးစရိတ်များကို လျာထား တောင်းခံခြင်း ဖြစ်ပါကြောင်း။
ဝန်ကြီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၌ သာမန်ရငွေကျပ် ၆၀၃၉၃ ဒသမ ၀၄၀ သန်း ရရှိရန် လျာထားပြီး သာမန်အသုံးစရိတ်တွင် ငွေကျပ် ၃၆၈၄၁ ဒသမ ၄၂၀ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ငွေကျပ် ၆၀၂၄ ဒသမ ၈၈၁ သန်း လျာထားသဖြင့် စုစုပေါင်းငွေကျပ် ၄၂၈၆၆ ဒသမ ၃၀၁ သန်း လျာထားတင်ပြထားပါကြောင်း ရှင်းလင်း တင်ပြသည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက စက်မှုဝန်ကြီးဌာနတွင် စက်ရုံပေါင်း ၁၁၃ ရုံရှိပြီး ၎င်းစက်ရုံများအနက် ၅၇ ရုံမှာ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်စက်ရုံများအနက် ၂၄ ရုံမှာ လတ်တလော ရပ်ဆိုင်းထားရသည့် စက်ရုံများဖြစ်ပါကြောင်း၊ ရပ်ဆိုင်းထားသည့်စက်ရုံ ၂၄ ရုံနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ပြီးမှသာ မူဝါဒနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ စက်ရုံ ၆ ရုံကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချနိုင်ရေးအတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်သို့ လုပ်ထုံး လုပ်နည်း နှင့်အညီ တင်ပြထားပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ကဏ္ဍအလိုက် စုစုပေါင်း ထုတ်လုပ်မှု တန်ဘိုး(GDP)/ ပုံမှန်ဈေးနှုန်းအရ/ စက်မှုလက်မှု ကဏ္ဍအနေဖြင့် ငွေကျပ် ၂၁၂၄၃ ဒသမ ၂၃၉ ဘီလီယံ ရည်မှန်းထားပြီး ၁၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားပါကြောင်း။
စက်မှုဝန်ကြီးဌာန၏ ဘဏ္ဍာရေးအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ၂၀၁၈ - ၂၀၁၉ ရငွေ အနေဖြင့် သာမန်ရငွေ ကျပ် ၈၇ ဒသမ ၇၃၇ ဘီလီယံ၊ ငွေလုံးငွေရင်းရငွေ (ပြည်ပအကူအညီ) ငွေကျပ် ၄ ဒသမ ၅၅၃ ဘီလီယံ၊ ကြွေးမြီရငွေကျပ် ၂ ဒသမ ၄၄၇ ဘီလီယံ စုစုပေါင်းရငွေကျပ် ၉၄ ဒသမ ၇၃၇ ဘီလီယံ ဖြစ်ပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် စုစုပေါင်းအသုံးစရိတ် ငွေကျပ် ၄၂၉ ဒသမ ၆၄၈ ဘီလီယံကို လျာထား ပါကြောင်း၊ အဆိုပါ အသုံးစရိတ်များ၌ သာမန်အသုံးစရိတ်အတွက် ငွေကျပ် ၁၆၆ ဒသမ ၆၃၇ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ငွေကျပ် ၁၄၁ ဒသမ ၈၈၄ ဘီလီယံနှင့် ကြွေးမြီအသုံးစရိတ်အတွက် ငွေကျပ် ၁၂၁ ဒသမ ၁၂၇ ဘီလီယံ တို့ဖြစ်ပါကြောင်း၊ ၂၀၁၈ - ၂၁၀၉ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ် ၁၄၁ ဒသမ ၈၈၄ ဘီလီယံ၌ လုပ်ငန်းစီမံကိန်းသစ်များနှင့် ဆောင်ရွက်ဆဲ စီမံကိန်း များအတွက် ငွေကျပ် ၁၂၀ ဒသမ ၉၀၅ ဘီလီယံနှင့် ရုံးချုပ်/ စက်ရုံများအတွက် ငွေကျပ် ၂၀ ဒသမ ၉၇၉ ဘီလီယံကို လျာထားပါကြောင်း ရှင်းလင်းတင်ပြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက် သွားမည့် စီမံကိန်းလုပ်ငန်းများမှာ နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားတွင် ပါဝင်သော ဥဒေါင်း - ညောင်ချောင်း - မေယုတောင်ကျော်လမ်းနှင့် သက်ကိုင်ညာ - ပဒဂါး - တောင်ကျော်လမ်း အသစ်ဖောက်လုပ်ခြင်း၊ ရောင်ဟီး - ပင်လည်ဘူးလမ်း၊ မတူပီ - ပလက်ဝလမ်း၊ တီးတိန် - တွန်းဇံ - ကျီခါးလမ်း၊ ဟားခါး - မတူပီလမ်း၊ ရွှေဘို - မြစ်ကြီးနားလမ်း၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်းနှင့် ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင်လမ်း အဆင့်မြှင့်တင်ခြင်း၊ လွှတ်တော်အစည်းအဝေးများတွင် ကတိက၀တ်ပြု ထားခဲ့သည့် လမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အဆိုပြုထားသည့် လမ်း ၁၀ လမ်း အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်မည့် ပြည်ထောင်စုလမ်းမကြီး ၃ လမ်း၊ အဓိက ပြည်ထောင်စုလမ်း ၆ လမ်းနှင့် ကျန်ပြည်ထောင်စုလမ်း ၂၃ လမ်း အဆင့်မြှင့်တင်ခြင်း၊ လွှတ်တော်အစည်းအဝေးများတွင် ကတိကဝတ် ပြုထားသည့် တံတား ၂၇ စင်းနှင့် ကြိုးတံတားများ၊ အခြားတံတားကြီးများ တည်ဆောက်ခြင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်း ၅ ခုနှင့် နိုင်ငံတော်ဧည့်ဂေဟာ အကြီးစားမွမ်းမံခြင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ အိမ်ရာစီမံကိန်းများ၏ ရေနှင့် ဆက်စပ်လုပ်ငန်း ၂ ခု ဆောင် ရွက်ခြင်း၊ ခရိုင်ချင်းဆက်လမ်း မွမ်းမံခြင်း၊ စစ်ကိုင်း/ ပဲခူး/ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့အတွင်း သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ရငွေလျာထားချက်မှာ သာမန်ရငွေကျပ် ၇၀ ဒသမ ၈၈၆ ဘီလီယံ၊ ငွေလုံးငွေရင်းရငွေကျပ် ၃၅ ဒသမ ၆၃၀ ဘီလီယံ၊ ကြွေးမြီ ရငွေကျပ် ၄၀၀ ဒသမ ၈၁၉ ဘီလီယံ စုစုပေါင်းရငွေကျပ် ၅၀၇ ဒသမ ၃၃၅ ဘီလီယံဖြစ်ပြီး အသုံးစရိတ် လျာထားချက်မှာ သာမန်အသုံးစရိတ် ငွေကျပ် ၁၁၂ ဒသမ ၃၂၀ ဘီလီယံနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် ၇၃၄ ဒသမ ၇၃၉ ဘီလီယံ စုစုပေါင်းအသုံးစရိတ် ငွေကျပ် ၈၄၇ ဒသမ ၀၅၉ ဘီလီယံ ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် သာမန်သုံးငွေအတွက် ငွေကျပ် ၅၉၆၉ ဒသမ ၅၉၈ သန်း ခွင့်ပြုခဲ့ပါကြောင်း၊ ပြည်ပအကူအညီရငွေကျပ် ၃၀၀၅ ဒသမ ၂၃၄ သန်း အပါအ၀င် သာမန်သုံးငွေ စုစုပေါင်းငွေကျပ် ၈၉၇၄ ဒသမ ၈၃၂ သန်းလျာထားပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ သာမန်သုံးငွေတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးဆိုင်ရာ အသုံးစရိတ်များအတွက် ခေါင်းစဉ်သစ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့ ပါကြောင်း၊ ၎င်းအသုံးစရိတ်ခေါင်းစဉ်အတွက် ငွေကျပ် ၁၂၄၈ ဒသမ ၄၀၀ သန်းကို ထည့်သွင်း လျာထား ပါကြောင်း၊ ဝန်ကြီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်းရငွေ ငွေကျပ် ၂၂၅၄၆ ဒသမ ၁၁၃ သန်း လျာထားပြီး စုစုပေါင်းသုံးငွေ ငွေကျပ် ၉၁၉၆ ဒသမ ၈၂၇ သန်း လျာထားသဖြင့် သုံးငွေထက်ပိုသော ရငွေမှာ ငွေကျပ် ၁၃၃၄၉ ဒသမ ၂၈၆ သန်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် သာမန်အသုံးစရိတ် တောင်းခံငွေကျပ် ၃၁၀၇ ဒသမ ၅၀၇ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် တောင်းခံငွေကျပ် ၁၇၅၈ ဒသမ ၄၇၀ သန်း စုစုပေါင်းတောင်းခံ ငွေကျပ် ၄၈၆၅ ဒသမ ၉၇၇ သန်း တောင်းခံထားပါကြောင်း၊ သာမန်အသုံးစရိတ် တောင်းခံငွေကျပ် ၃၁၀၇ ဒသမ ၅၀၇ သန်း၌ တိုင်းရင်းသား လူမျိုး ၆၆ မျိုး၏ မူကြိုနှင့် KG ကလေးများ သင်ကြားမှု၊ သင်ယူမှု လွယ်ကူစေရန်အတွက် စိတ်ဝင်စားဖွယ်ရာ တိုင်းရင်းသားပုံပြင် ရုပ်ပြစာအုပ်များ ရိုက်နှိပ်ထုတ်ဝေခြင်း စသည့်ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေ အသုံးစရိတ် ငွေကျပ် ၉၃၅ ဒသမ ၇၃၁ သန်း ပါဝင်ပါကြောင်း၊ ထို့ပြင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဦးစီးဌာနရုံး အဆောက်အအုံများ တည်ဆောက်ခြင်း အပါ အဝင် ဆောက်လုပ်ရေးလုပ်ငန်းအသုံးစရိတ် ငွေကျပ် ၁၅၀၄ ဒသမ ၉၇၀ သန်း ကို စုစုပေါင်းငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ် ၁၇၅၈ ဒသမ ၄၇၀ သန်း၌ ထည့်သွင်းတွက်ချက်ထားပါကြောင်း ရှင်းလင်းတင်ပြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် ရသုံးခန့်မှန်းခြေငွေစာရင်း စုစုပေါင်းငွေကျပ် ၁၁၅၀ ဒသမ ၇၈၅ ဘီလီယံ လျာထားပါကြောင်း၊ ယင်းလျာထားမှု၌ နိုင်ငံတော်၏ လျာထားမှု ငွေကျပ် ၉၅၅ ဒသမ ၈၈၃ ဘီလီယံ ဖြစ်ပြီး ပြည်ပလျာထားမှု ငွေကျပ် ၁၉၄ ဒသမ ၉၀၂ ဘီလီယံ ဖြစ်ပါကြောင်း၊ ပြည်ပလျာထားမှုအနေဖြင့် အထောက်အပံ့ ငွေကျပ် ၁၅၉ ဒသမ ၃၉၂ ဘီလီယံ၊ ချေးငွေကျပ် ၃၅ ဒသမ ၅၁၀ ဘီလီယံ တို့ကို လျာထားပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လျာထားတောင်းခံထားသော စုစုပေါင်းငွေကျပ် ၁၁၅၀ ဒသမ ၇၈၅ ဘီလီယံတွင် သာမန်အသုံးစရိတ်အတွက် ငွေကျပ် ၇၃၇ ဒသမ ၂၅၁ ဘီလီယံနှင့် ငွေလုံးငွေရင်း အသုံးစရိတ် အတွက် ငွေကျပ် ၄၁၃ ဒသမ ၅၃၄ ဘီလီယံ ဖြစ်ပါကြောင်း၊ သာမန်အသုံးစရိတ် ခွဲဝေထားမှုတွင် လစာအတွက် ၃၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ ခရီးစရိတ်အတွက် ၀ ဒသမ ၇၃ ရာခိုင်နှုန်း၊ ပစ္စည်းဝယ်ယူမှုအတွက် ၄၁ ဒသမ ၈၇ ရာခိုင်နှုန်း၊ ပြင်ထိန်းလုပ်ငန်းအတွက် ၇ ဒသမ ၁၁ ရာခိုင်နှုန်း၊ ပညာရေးနှင့် လူမှုရေး အသုံးစရိတ်အတွက် ၁၁ ဒသမ ၆ ရာခိုင်နှုန်း၊ ဧည့်ခံကျွေးမွေးစရိတ်အတွက် ၀ ဒသမ ၀၂ ရာခိုင်နှုန်း၊ အတိုးအတွက် ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် ထောက်ပံ့အတွက် ၀ ဒသမ ၃၂ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ပစ္စည်းဝယ်ယူမှု ၄၁ ဒသမ ၈၇ ရာခိုင်နှုန်း၌ ဆေးဝါးဝယ်ယူမှုအတွက် ၂၅ ဒသမ ၅၇ ရာခိုင်နှုန်း ပါဝင်ပါကြောင်း၊ ဆောက်လုပ်ရေးအတွက် လျာထားသည့် အသုံးစရိတ်ငွေကျပ် ၂၈၅ ဒသမ ၂၆၀ ဘီလီယံတွင် ဝန်ထမ်းအိမ်ရာအတွက် ၅၉ ရာခိုင်နှုန်းနှင့် ဆေးရုံ/ အဆောက်အဦ/ အားကစားကွင်းရုံအတွက် ၄၁ ရာခိုင်နှုန်း ခွဲဝေလျာထားပါကြောင်း ရှင်းလင်း တင်ပြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇူလိုင် လ  ၃၁ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
သူရဇော်၊ ဟန်လင်းနိုင်၊ ဓာတ်ပုံ - အေးသန်း (သတင်းစဉ်)
No comments:
Post a Comment