Tuesday, July 31, 2018

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Panna Institute ၏ အမှုဆောင်အရာရှိချုပ် ဦးဖေအောင်ဇင် နှင့်တွေ့ဆုံ


နေပြည်တော် ဇူလိုင်  ၃၁
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Panna Institute ၏ အမှုဆောင်အရာရှိချုပ် ဦးဖေအောင်ဇင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ရုံးခန်း၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Panna Institute အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်ပြည်သူများနှင့် ဆက်သွယ်မှုလွယ်ကူ ချောမွေ့စေရေးအတွက် အိုင်တီ နည်းပညာ အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုမီဒီယာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်သူ့ဆက်ဆံရေးကဏ္ဍ၊ ပြည်သူနှင့် စဉ်ဆက်မပြတ် ထိတွေ့နိုင်ရေးဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာ ဆိုင်ရာပလက်ဖောင်း (ICT- Information and Communication Technology Platform ) စသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 
(သတင်းစဉ်)

No comments:

Post a Comment