နေပြည်တော် ဇူလိုင် ၃၁
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့
အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ စုစည်းခန်းမ၌ ကျင်းပရာ
အစည်းအဝေးသို့ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်သော ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊
တိုင်းဒေသကြီး/ ပြည်နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌများ စုစုပေါင်း(၄၆)ဦးတက်ရောက်
ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
ကျော်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား
အကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့
ဥက္ကဋ္ဌ၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊
ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ လူကုန်ကူးမှုတားဆီး
ကာကွယ် ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ဆွေးနွေးတင်ပြခြင်း၊
တိုင်းဒေသကြီး/ ပြည်နယ် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကာ
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment