Tuesday, July 31, 2018

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သြစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၃၁
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် သြစတြေးလျ နိုင်ငံသံအမတ်ကြီး Mr. Nicholas Coppel အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ်ကူးပြောင်းမှု လုပ်ငန်းစဉ်များ အောင်မြင်ရေး၊ ဒီမိုကရေစီ စံနှုန်း များနှင့် ပြည်သူများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေး၊ တရားဥပဒေစိုးမိုးမှု လုပ်ငန်းများ တိုးတက် ကောင်းမွန်စေရေး၊ မူးယစ်ဆေးဝါး မှုခင်းအပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းများအတွက် နှစ်နိုင်ငံ တရားစွဲ အဖွဲ့အစည်းများ အကြား ပူးပေါင်း ဆောင်ရွက်ရေး၊ လွတ်လပ်သည့် တရားစီရင်ရေး စနစ် အားကောင်း ခိုင်မာစေရေး၊ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေးနှင့် ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေး ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ရင်းနှီးစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment