မြဝတီ ဇူလိုင် ၂၆
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း
ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေး ထောက်ပံ့နိုင်ရန် ရောက်ရှိနေသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက ကရင်ပြည်နယ်၊ ကျုံဒိုးမြို့သို့
သွားရောက်ပြီး ဓမ္မသုခ ဘုန်းတော်ကြီး ကျောင်းတွင် ရေဘေးတိမ်းရှောင်နေသည့် အိမ်ထောင်စု
(၂၀) စုမှ ပြည်သူ (၁၀၁)ဦးအား တွေ့ဆုံ အားပေးကာ ဆန်ရိက္ခာဖိုးငွေ၊ မိသားစုအလိုက် ဆီ၊
ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့်မုန့်များ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ပြီး ဒေသခံ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ၏
လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြဝတီမြို့သို့
သွားရောက်ပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး
မြဝတီခရိုင်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ဝန်ကြီးဌာနမှ ပံ့ပိုး ဆောင်ရွက်ခဲ့မှု၊
သဘာဝဘေးအန္တရာယ်များအား အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ပြည်သူ လူထုအပါအဝင်
ဆက်နွယ်ပတ်သက်သူအားလုံးက ဟန်ချက်ညီညီ နည်းစနစ်တကျ ပူးပေါင်း ဆောင်ရွက် ရန် လိုအပ်မှုတို့အား
ဆွေးနွေးပြီး ရေကြီးချိန်တွင် အသုံးပြုရန် အရေးပေါ် စက်တပ်လှေ၊ မြစ်ကူးချောင်းကူး ပညာသင်ကြားရသည့်
ကျောင်းသားကျောင်းသူများအတွက် အသက်ကယ်အင်္ကျီ၊ ရုတ်တရက် ရေကြီး ချိန်တွင် ယာယီခိုလှုံရန်အတွက်
လိုအပ်သည့် ရွက်ဖျင်တဲများအား ပံ့ပိုးထောက်ပံ့နိုင်ရေးတို့ကို ဆွေးနွေး ညှိနှိုင်း ပေးခဲ့သည်။
ယင်းနောက် မြဝတီမြို့တွင်
ဖွင့်လှစ်ခဲ့သည့် ရေဘေးရှောင်စခန်း(၁၂)ခုအနက် ရေတင်ကျန်မှု အခြေအနေအရ ဖွင့်လှစ်ထားရသည့်
ကျွန်းတောဈေး ရေဘေးရှောင်စခန်းရှိ အိမ်ထောင်စု (၂၇)စုမှ လူဦးရေ (၁၄၀)အား ရင်းရင်းနှီးနှီး
တွေ့ဆုံအားပေးပြီး စားနပ်ရိက္ခာနှင့် ကလေးများအတွက် မုန့်များ ထောက်ပံ့ပေးခဲ့ပြီး အနိမ့်ပိုင်းချိုင့်ဝှမ်းရှိ
ရေထွက်ပေါက်မရှိသည့် နေရာများတွင် ရေစုပ်ထုတ်နိုင်ရေး အတွက် ရေစုပ်စက်များ အကူအညီပေးရေးတို့ကို
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment