Saturday, July 28, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား





နေပြည်တော်၊ ဇူလိုင် ၂၈

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်နှင့် ဒေါက်တာအောင်သူ၊ ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ဗိုလ်ချုပ်အောင်သူ၊ ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ က နိုင်ငံအတွင်းလတ်တလောဖြစ်ပေါ်နေသည့် သဘာဝဘေး အန္တရာယ်ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ လိုအပ်သလိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် အစည်းအဝေး ကို ယခုကဲ့သို့ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံအတွင်းရေကြီးရေလျှံမှုများကြောင့် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရပါကြောင်း၊ လတ်တလောရေကြီးရေလျှံမှုများကြောင့် ပဲခူးတိုင်းဒေသကြီး၊ တနသာင်္ရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများလတ်တလောဖြစ်ပေါ်လျက်ရှိရာ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိနေပါ ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားနေကြရသူများကို သဘာဝဘေးကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်၍ ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ကြရ မည်ဖြစ်ပါ ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်သည်များကို မျှော်မှန်း၍ သဘာဝဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်နှင့် ဒေါက်တာအောင်သူ၊ ဒုတိယ၀န်ကြီးများဖြစ်ကြသည့် ဦးမင်းသူ၊ ဗိုလ်ချုပ်အောင်သူ၊ ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ အမြဲတမ်းတွင်းဝန် ဦးတင်မြင့်၊ ဦးတင်မောင်ဦးနှင့် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာကျော်မိုးဦးနှင့် တာဝန်ရှိသူများက သဘာဘေးအန္တရာယ် ကြုံတွေ့ခံစားနေကြ ရသူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက် ကူညီဆောင်ရွက်သွားမည့်အစီအမံများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်သွားမည့် အခြေ အနေများ၊ အရေးပေါ်တုန့်ပြန်ဆောင်ရွက် သွားမည့်အခြေအနေများ၊ ထောက်ပံ့ကူညီသွားမည့် အစီ အစဉ်များနှင့် လုံခြုံရေး၊ သတင်းထုတ်ပြန်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊လျှပ်စစ်ကဏ္ဍဆိုင်ရာများနှင့် တပ်မတော်မှ သဘာဝ ဘေးအန္တများ ကျရောက်သည့်နေရာများတွင် ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး မိုးလေ၀သ အခြေအနေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဂြိုလ်တုမှပေးပို့သည့် ပုံရိပ်များကို လှည့်လည်ကြည့်ရှုသည်။
(သတင်းစဉ်)


No comments:

Post a Comment