နေပြည်တော် ဇူလိုင် ၃၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့်သည် သြစတြေးလျနိုင်ငံ သံအမတ်ကြီး H. E . Mr. Nicholas Coppel အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေး ၀န်ကြီးဌာန
ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ သည်။
တွေ့ဆုံစဉ် သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံအတွက်
ပညာသင်ဆု ပေးနေသည့် အစီအစဉ်များနှင့် အဆိုပါ အစီ အစဉ်များအား ပြည်သူများ ပိုမိုသိရှိနိုင်ရေးအတွက်
Information Program ဆောင်ရွက်မည့် အခြေအနေများ၊ ဒီမိုကရေစီစနစ်တွင် မီဒီယာလွတ်လပ်ခွင့်၊
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စာနယ်ဇင်းသမားများ၏ လုံခြုံရေး (Safety of
Journalists) အရေးကြီးမှု၊ လူမှုမီဒီယာများတွင် အမုန်းစကားများရေးသား ဖြန့်ဝေ
ပြောဆို နေမှုများ အပါအ၀င် ပုံနှိပ်နှင့်ရုပ်သံလွှင့် မီဒီယာဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းနှင့်
တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment