နေပြည်တော် မေ ၂
(၄)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ
ဒေသတွင်း ကျောင်းစာကြည့်တိုက် များ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်
၉နာရီတွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုး
သိမ်းကြီး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ International Association
of School Librarianship မှ ပါမောက္ခ ဒေါက်တာ
ဒေးလ်ဂျစ်ဆင်း၊ မြန်မာနိုင်ငံစာ ကြည့်တိုက်အသင်းနာယကနှင့် အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊
ပြည်တွင်းပြည်ပမှ စာကြည့်တိုက်မှူးများ၊ ဖိတ်ကြားထားသူများနှင့် တရာဝန်ရှိသူများ တက်ရောက်
ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
၂၁ ရာစုတွင် လိုအပ် မည့် ကျောင်းစာကြည့် တိုက်မှူးများ၏ အရည်အချင်းတိုးတက်ရေးနှင့်
စိန်ခေါ်မှုအခက် အခဲများကို ကျော်လွှားနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ နှစ်စဉ်ကျင်းပပြီး
အဖြေ ရှာဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းအနေဖြင့် ကျောင်းစာကြည့်တိုက်နှင့်ပတ်သက်၍
ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် အလုပ် ရုံဆွေး နွေးပွဲဖြစ်သည်ဟု သိရှိရပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် နှစ်နှစ်တာကာလအတွင်း
ပညာသင်ယူမှု အခွင့် အလမ်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု အရည်
အသွေးမြင့်မားရေးတို့ကိုဦးတည်ကာ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း
၂၀၁၆- ၂၀၂၀ တွင် ပါရှိသည့် လုပ် ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
အဆိုပါ လုပ်ငန်းများကို ကဏ္ဍ ၉ ရပ် သတ်မှတ်ဖော်ထုတ်ပြီး ဦးစားပေးလုပ်ငန်း ၁၂ ရပ် ချမှတ်
ကာ ကြိုးပမ်းပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့နေထိုင်ရာကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊
သာယာဝပြောရေးတို့သည် ပညာရေး ရေချိန်ပေါ်တွင် များစွာ တည်မှီလျက်ရှိသည်ကို အားလုံးသိပြီးဖြစ်ပါကြောင်း၊
ပညာရေး ရေချိန်မြင့်မားရေးသည်လည်း စာကြည့် တိုက်များ ရှင်သန်တိုးတက်ရေး ချိန်ခွင်လျှာ
အနိမ့်အမြင့်နှင့် သက်ဆိုင်နေပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေး ပွဲများ ကျင်းပပြီး စာကြည့်
တိုက်မှူးများ အတွေ့အကြုံဖလှယ်ကာ စာကြည်တိုက်များအတွက် ပိုမိုတိုးတက် ကောင်းမွန်သော
ရလဒ်ကောင်းများကို ကျင့်သုံးခြင်းဖြင့် မိမိတို့မျိုးဆက်သစ်များ အတွက် ပိုမိုကောင်း မွန်သော အနာဂတ်များကို ဖော်ဆောင်နိုင်ပါစေကြောင်း
ပြော ကြားသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံစာကြည့်တိုက်များအသင်း
နာယက ဦးတင် မောင်လွင်နှင့် International Association of School Librarianship မှ
ပါမောက္ခ ဒေါက်တာ ဒေးလ်ဂျစ်ဆင်းတို့က အမှာစကား
ပြောကြားကြပြီး အခြေခံပညာဦးစီးဌာန အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်
(၆) အခြေခံ ပညာအထက် တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများက ရိုးရာယဉ်ကျေးမှု
အက အလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည်
ပါမောက္ခ ဒေါက်တာ ဒေးလ်ဂျစ်ဆင်း၊ မြန်မာနိုင်ငံ
စာကြည့် တိုက် အသင်းနာယကနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည် တွင်း ပြည်ပမှ စာကြည်
တိုက်မှူးများ၊ ကပြဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား ကျောင်းသူများလေးများနှင့်အတူ စုပေါင်း၍
မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
ယင်းနောက် (၄)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ
ဒေသတွင်း ကျောင်းစာကြည့်တိုက်များ အလုပ်ရုံ ဆွေးနွေးပွဲကို အဆိုပါစာကြည့်တိုက်၌ ဆက်လက်ကျင်းပရာ
ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ
နိုင်ငံကိုယ် စားပြု စာကြည်တိုက်မှူးများက နိုင်ငံအလိုက် စာတမ်းများ ဖတ်ကြားခြင်း၊
အစုအဖွဲ့ သုံးစုခွဲ၍ Connect and collaborate ၊ Reenergizing School Libraries ၊
Planning Library Period Activities စသည့်ခေါင်းစဉ်များကို ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြ
သည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဝင်
ဆရာမကြီး ဒေါ်တင်ဖုန်းနွယ်က နိဂုံးချုပ် အမှာစကား ပြောကြား ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
ယခုကျင်းပသည့် (၄)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ
ဒေသတွင်း ကျောင်း စာကြည့်တိုက်များ အလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံနိုင်ငံများမှ ကျောင်းစာကြည့်
တိုက်များ၏ ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာသိရှိရသည့်အတွက် မြန်မာနိုင်ငံတွင် အခြေခံပညာကဏ္ဍ
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်ရန် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း
သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment