Wednesday, May 2, 2018

မြေပုံမြို့နယ် တောင်ပေါ်စခန်း (IDP) အား ပိတ်သိမ်း၍ အိမ်ထောင်စုအချို့ နေအိမ်အသစ်များသို့ ပြောင်းရွှေ့နေထိုင်


စစ်တွေ မေ ၂
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီသည် ရခိုင်ပြည်နယ် အတွင်းရှိ IDP စခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

 မြေပုံမြို့နယ် တောင်ပေါ်စခန်းအား ပိတ်သိမ်းနိုင်ရေး ပထမအဆင့်အနေဖြင့် နေအိမ်အလုံး(၅၀) ဆောက်လုပ် ပြီးစီးပြီဖြစ်သည့် အတွက် အိမ်ထောင်စုအချို့မှာ နေအိမ်အသစ်များသို့ ပြောင်းရွှေ့ နေထိုင် နေကြပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စခန်းပိတ်သိမ်းရေးလုပ်ငန်းများအား ညှိနှိုင်းကူညီဆောင်ရွက်ပေး နိုင်ရန်အတွက် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည် ဖော်ဆောင်ရေးကော်မတီမှ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်သည် ယနေ့တွင် အဆိုပါစခန်း သို့သွားရောက်ပြီး တာဝန်ရှိသူများနှင့် စခန်း အတွင်း နေထိုင် သူများအား  သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါစခန်းတွင် မိသားစု (၆၄၂)စု လူဦးရေ (၃၀၆၇)ဦးရှိကာ နေအိမ် အသစ်များအား နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ စီမံချက်ဖြင့်ဆောက်လုပ်ပေးခြင်း ဖြစ်ပြီး ရေထွက်မြောင်း၊ ရေအိမ်၊ လမ်းများနှင့် သောက် သုံးရေ ရရှိရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နေအိမ်များကိုလည်း ဆက်လက် ဆောက် လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  
သတင်း၊ ဓာတ်ပုံ မျိုးမြင့်၊ ဟန်လင်းနိုင်

No comments:

Post a Comment