Wednesday, May 2, 2018

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သံတောင်ကြီးမြို့နယ်ရှိ ဆေးဝါး စိုက်ကွင်းများအား ကြည့်ရှုစစ်ဆေး


နေပြည်တော် မေ ၂
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုသည် မေ ၁  ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ဆေးဝါး ကုန်ကြမ်းစိုက် ခင်း များသို့ ရောက်ရှိပြီး ငှက်ဖျားရောဂါကုသဆေးဖြစ်သည့် ကွီနင်းဆာလ်ဖိတ် ထုတ်လုပ်ရန်အတွက် စင်ကိုနာပင်များ စိုက်ပျိုး ထားရှိမှု အခြေအနေ၊ ချောင်းဆိုး ပျောက်ဆေး ထုတ်လုပ်ရန်အတွက် မုယာ ကြီး ပင်များစိုက်ပျိုးထားမှု အခြေ အနေနှင့်စင်ကိုနာပျိုး ပင်ခြံတို့အား လှည့် လည်ကြည့်ရှုစစ်ဆေးပြီး
ဆေးဝါးကုန်ကြမ်း ပင်များ အလေအလွင့် မရှိဘဲ စနစ် တကျ မျိုးထိန်းထားနိုင်ရေး ဂရုစိုက် ဆောင်ရွက်ကြရန်၊ တောမီးကူးစက် မလောင်နိုင် စေရေးစိုက်ကွင်း တဝိုက်မီးတား လမ်းများကို စနစ်တကျ ဖောက်လုပ် ထိန်း သိမ်း ထားရန်၊ မြေလွတ်ရှိသော နေရာများတွင် ဆေးဝါးကုန်ကြမ်းသီးနှံများအပြင် ရေမြေရာ သီဥတုနှင့်ကိုက်ညီမည့် အခြားနှစ်ရှည်ပင်များ စိုက်ပျိုးနိုင်ရေးစီစဉ်ဆောင်ရွက်ရန်၊ နိုင်ငံပိုင် မြေလွတ်မြေရိုင်း များ ကို အခြားနည်းလမ်းများ အသုံးပြု၍ အကျိုးရှိ ထိရောက် စွာ အသုံးချ နိုင်ရေးအစိုးရ-ပုဂ္ဂလိကအကျိုးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ယခင်ကငှက်ဖျားရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်များသည့် ရောဂါတစ်ခု ဖြစ်ပြီး မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)တွင် ငှက်ဖျားရောဂါကာကွယ် ကုသဆေးဝါးများ ထုတ်လုပ်ရန် အတွက် စင်ကိုနာ အပင်များအား ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသတွင် စိုက်ကွင်းများပြုလုပ်၍ စိုက်ပျိုးခဲ့သည်။ ယခုအခါ စင်ကိုနာ အပင်မှထုတ်လုပ်သော ငှက်ဖျားရောဂါကုသဆေး  ဆေးဝါးမှာ ငှက်ဖျားရောဂါကုသ ရာတွင် ဆေးယဉ်ပါး၍ WHO မှ ဆက်လက်အသုံးပြုရန် မသင့်တော့ခြင်းကြောင့် ငှက်ဖျားဆေးထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး စင်ကို နာပင်များ မျိုးတုန်း ပျောက်ကွယ် မှုမရှိအောင် ဆက်လက် ထိန်းသိမ်း ဆောင်ရွက် လျက်ရှိပြီး တောင်ပေါ်ဒေသထွက် သီးနှံပန်းမန်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခြား နည်းလမ်း များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment