စစ်တွေ မေ ၇
ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး၊
လုံခြုံရေး၊ ဖွံ့ဖြိုးတိုး တက်ရေး၊ နေရပ်စွန့်ခွာသူများ ပြည်လည် လက်ခံရေး ကိစ္စရပ်များ
အပါအ၀င် အခြား ကိစ္စရပ်များအား မြေပြင် ကွင်းဆင်း သတင်းရယူရန် MRTV ၊ MITV၊ DVB၊
Mizzima၊ ချွန်းသတင်းဌာနနှင့် ရွှေဇာမဏီ သတင်းတို့မှ သတင်းမီဒီယာသမားများ သည် ယနေ့နံနက်
၈ နာရီ ၁၀ မိနစ်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိ
ကြသည်။
ထို့နောက် သတင်းမီဒီယာသမားများသည် မောင်တောမြို့နယ်
ကိုင်းကြီး(မြို) ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံ မြိုတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့်
တွေ့ဆုံကာ ၄င်းတို့၏ လူမှုဘ၀ အခြေအနေ၊ အလုပ်
အကိုင် ရရှိမှု၊ ကျေးရွာရှိ လူဦးရေ၊ ဒေသဖွံ့ ဖြိုးရေးအတွက် လိုအပ်ချက်၊ ဒေသခံများ၏
လိုအပ်ချက်များအား မေးမြန်း သတင်းရ ယူကြသည်။
ကိုင်းကြီး(မြို) ကျေးရွာသစ်တွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က နေအိမ် (၅၆) လုံး၊ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့က နေအိမ်(၆၄)လုံး တည်ဆောက်
လှူဒါန်းထားကြောင်းသိရသည်။
ဆက်လက်၍ မောင်တောမြို့ပေါ်ရှိ ဟိန္ဒိုဘာသာဝင်များ
နေထိုင်သည့် ယာယီစခန်းသို့ သွားရောက်ပြီး ပညာသင်ကြားနေရမှု၊ လိုအပ်ချက်၊ စခန်းတွင်းလူဦးရေ၊
စားဝတ်နေရေး အခြေအနေ၊ အလုပ်အကိုင် ရှိမှု တို့ကို မေးမြန်းပြီး စခန်းအတွင်း လိုက်လံသတင်းရယူကြသည်။
ယင်းနောက် သတင်းမီဒီယာ သမားများသည် လှဖိုးခေါင်
ကြားစခန်းသို့ရောက်ရှိပြီး စခန်း တည်ဆောက်ရေး တာဝန်ခံနှင့် တွေဆုံကာ စခန်းတည်ဆောက်မှု
အခြေအနေ၊ ခေတ္တနေထိုင်နိုင်မည့် လူဦးရေ အပါအ၀င် သိလိုသည်များ ကိုမေးမြန်းပြီး စခန်းအတွင်း
အဆောက်အဦများ တည်ဆောက်ပြီးစီးမှုကို လှည့်လည် သတင်းရယူကြသည်။
သတင်း-မျိုးမြင့်၊
ဓာတ်ပုံ-သက်လွင်စိုး(ခရိုင်ပြန်/ဆက်)
No comments:
Post a Comment