နေပြည်တော်
မေ ၃
ပြည်ထောင်စုသမ္မတနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးအဖြစ်
ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး ဒေါက်တာအီဇာဖာဒရီ
သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌
၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
အလားတူ
နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ မန်ဂျူရူလ်ကရင်ခမ်ချောင်ဒရီ
သည် နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်
အပ်လွှာကို ပေးအပ်သည်။
ထို့ပြင်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမ သည် နံနက် ၁၁ နာရီတွင်
နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
ထို့အတူ
နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်
သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဇာဟိုင်ရီဘင်ဘာဟာရင်းမ်
သည် မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်
ခန့်အပ်လွှာကို ပေးအပ်သည်။
အလားတူ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ မာရှယ်ကျွန်းစုသမ္မတ နိုင်ငံ သံအမတ်ကြီးအဖြစ်
ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ
တွမ်ဒီကီဂျီနာ သည် မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်
ဧည့်ခန်းမ၌ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲများသို့ အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးသန့်စင် တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment