နေပြည်တော်
မတ် ၃
နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည်
မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး ဒေါက်တာ အီဇာဖာဒရီ အား ယနေ့နံနက်
၁၁ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မစ္စတာ
မန်ဂျူရူလ်ကရင်ခမ်ချောင်ဒရီ အား မွန်းလွဲ ၂ နာရီခွဲတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ
မာရှယ်ကျွန်းစုသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ တွမ် ဒီ ကီဂျီနာ အား မွန်းလွဲ ၃ နာရီခွဲတွင်
လည်းကောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံ
တွေ့ဆုံသည်။
အင်ဒိုနီးရှားနိုင်ငံ
သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ
ကိစ္စရပ်များကိုလည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ
ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ
ပြန်လည်ခေါ်ယူရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မာရှယ်ကျွန်းစုသမ္မတနိုင်ငံ သံအမတ်ကြီး
နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာများကို လည်းကောင်း
ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)
No comments:
Post a Comment