နေပြည်တော်
မေ ၃
နယ်စပ်ရေးရာဝန်ကြီးဌာန၏
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး
(၂/၂၀၁၈) ကိုယနေ့နံနက် (၁၀) နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပရာ
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ တက်ရောက်အမှာ
စကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော် သမ္မတ၏ ၂၀၁၈ ခုနှစ်
ဧပြီလ၁၇ ရက်နေ့တွင် ပြောကြားခဲ့သော နိုင်ငံတော်အခြေပြ မိန့်ခွန်းပါ လမ်းညွှန်ချက်များနှင့်အညီ
တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီစွာ
အချိန်မီပြီးစီးအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး၊ ယုံကြည်ချက် ခံယူချက် မြင့်မြင့်မားမားထားရှိ၍
အတွေးအခေါ် အယူအဆ ကောင်းကောင်းဖြင့် မိမိတို့ လုပ်ငန်းများအား စိတ်ဝင်တစား ကောင်အထည်ဖော်
ဆောင်ရွက်ရေး၊ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများအပေါ် မှန်မှန်ကန်ကန်
ပြန်လည်သုံးသပ်ပြီး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရေး၊
ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လျာထား ဆောင်ရွက်ပေး နေသော နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများသည်
ဒေသနှင့် ပြည်သူလူထုအပေါ် ရေရှည် စဉ်ဆက် အမှန်တကယ် အကျိုးပြုမည့် လုပ်ငန်းများဖြစ်စေရေး၊
ခွင့်ပြုပေးထားသော နယ်စပ်ဖွံ့ဖြိုးရေး ရန်ပုံငွေ များကိုလည်း ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ
စနစ်တကျ လိုက်နာသုံးစွဲ ဆောင်ရွက်ကြရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဒေသဖွံ့ဖြိုးမှု
ကြီးကြပ်ရေးရုံးများအလိုက် တာဝန်ပေးအပ် ထားသော အင်ဂျင်နီယာအဖွဲ့များ အနေဖြင့်လည်း စဉ်ဆက်မပြတ်
ကွင်းဆင်းကြီးကြပ်၍ လုပ်ငန်းများ အရည်အသွေးမြင့်အောင် ဆောင်ရွက်ကြရေး မှာကြားသည်။
ထို့နောက်ပြည်နယ်နှင့်
တိုင်းဒေသကြီးအလိုက် ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများက မိမိတို့ ဒေသအတွင်း အကောင်
အထည်ဖော် ဆောင်ရွက်နေသောပထမ (၆) လ နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်
ဆောင်ရွက်ပြီးစီးမှုနှင့် ဒုတိယ (၁၂) လ၌ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း ဆိုင်ရာများကို
ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း
ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက် ရှင်းလင်းတင်ပြ
သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က နိဂုံးချုပ် အမှာစကား
ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment