စစ်တွေ မေ ၁
မောင်တော-အငူမော်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ အငူမော်-ကိုးတန်ကောက်လမ်းပိုင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အငူမော်ရှိ မင်္ဂလာမဏ္ဍပ်၌
ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ဘူးသီးတောင်-မောင်တော ကားလမ်း ကောင်းမွန်လာပြီဖြစ်သည့်အတွက် ရခိုင်ပြည်နယ်ဒေသအနှံ့က
ပြည်သူများအနေဖြင့် မောင်တောသို့ အချိန်မရွေးသွားလာ နိုင်တော့မည်ဖြစ်ပါကြောင်း၊ ယခုလမ်းသည်
မောင်တောဒေသဖွံ့ဖြိုးရေးအတွက် အရေးပါပြီး မဟာဗျူဟာအရလည်း အရေးပါကြောင်း၊
ပြည်သူများမျော်လင့်ခဲ့သည့်
လမ်း၊ တံတား၊ လျှပ်စစ်မီး
စသည့်အခြေခံ အဆောက်အဦများ ကောင်းမွန်လာပါက ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ
ရှိနေပြီဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊
ပြည်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်တို့က အမှာစကားပြောကြားကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဠ
ဦးတင်အောင်ဦးနှင့် မောင်တောဒေသခံ ဦးအောင်မြင့်သိန်းတို့က လမ်းအဆင့်မြှင့်တင် ပေးခဲ့သည့်အတွက်
ကျေးဇူးတင်စကား ပြောကြားကြသည်။
ယင်းနောက် Asia World Foundation ဥက္ကဋ္ဌ
ဦးထွန်းမြင့်နိုင်မှ လမ်းအဆင်မြှင့်တင်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်အတွင်း လူသားချင်း
စာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း
(UEHRD) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မောင်တော-အငူမော် လမ်းမကြီးအား
အဆင့်မြှင့်တင် ပြုပြင်လှူဒါန်းသည့်အတွက် Asia World Foundation အား ဂုဏ်ပြု မှတ်တမ်းပေးအပ်ချီးမြှင့်ရာ
ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က လက်ခံရယူသည်။
ယင်းနောက် Asia World Foundation မှ မောင်တောဒေသရှိ
ကျေးရွာရှစ်ရွာမှ စာသင်ကျောင်း ၈ ကျောင်းအတွက် တစ်ကျောင်းလျင် အလှူငွေကျပ်သိန်း ၂၀
စီ လှူဒါန်းပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ လက်ခံသည်။
ထို့နောက် မောင်တော-အငူမော်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏
အငူမော်-ကိုးတန်ကောက်လမ်းပိုင်းအား အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ်အေးနှင့် ဦးဟန်ဇော်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဠ ဦးစံကျော်လှ၊ ရခိုင်ပြည်နယ်
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့် Asia World Foundation
ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ
ဦးအေးသာအောင်နှင့်အဖွဲ့သည် အငူမော်- ကိုးတန်ကောက် လမ်းအဆင့် မြှင့်တင်ထားမှုအား မော်တော်ယာဉ်များဖြင့်
လိုက်လံကြည့်ရှုကြသည်။
အဆိုပါ လမ်းအဆင့်မြင့်တင်ခြင်းကို ရခိုင်ပြည်နယ်အတွင်း
လူသားချင်း စာနာထောက်ထားမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း
(UEHRD) လက်အောက်ရှိ Task Force ကိုးခုအနက် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းအဖွဲ့
(CITF) ၏ အဖွဲ့ဝင်ဖြစ်သည့် Asia World Foundation မှ တာဝန်ယူဆောက်လုပ်လှူဒါန်းကြောင်း
သိရသည်။
အဆိုပါလမ်းမှာ မောင်တောဒေသ လုံခြုံရေး၊
တည်ငြိမ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓီကမဟာဗျူဟာကျပြီး
အရေးပါလှသည့် လမ်းမကြီးဖြစ်သည်။
သတင်း၊ ဓာတ်ပုံ
မျိုးမြင့်၊ ဟန်လင်းနိုင်
No comments:
Post a Comment