Tuesday, May 1, 2018

ငွေဆောင်လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ


ငွေဆောင် မေ ၁
၂၀၁၈ ခုနှစ် ငွေဆောင်လူရည်ချွန် အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ရှိ ပုလဲငွေဆောင် ဟိုတယ်၌ကျင်းပရာ လူရည်ချွန်မောင်မယ်များက ဘက်စုံထူးချွန် လူရည်မွန် တေးသီချင်းဖြင့်သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က နိုင်ငံတော်နေဖြင့် ယခုကဲ့သို့ ဘက်စုံထူးချွန်သည့် လူရည်ချွန်လူငယ်​​မောင်မယ်များကို စိစစ်​​ရွေးချယ်၍ ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်ဒေသကြီး အစိုးရအဖွဲ့အနေဖြင်တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်မြောက် ရပါကြောင်း၊ လူရည်ချွန်​​မောင်မယ်များအနေဖြင့် ငွေဆောင်အပန်ဖြေစခန်​​ရောက်ရှိနေချိန်တွင် ကျန်းမာရွှင်လန်းစွာ အပန်ဖြေနိုင်ကြပြီး ဒေသန္တရ​​ဗဟုသုတများ ရရှိကြကာ ပြည်​​ထောင်စု တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိ၍ နိုင်ငံတော်အကျိုးကို အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်​​အောင် စွမ်ဆောင်နိုင်​​ကြသူများဖြစ်ကြပါစေဟု ဆုမွန်​​ကောင်တောင်းအပ်ပါကြောင်ပြောကြားသည်
ထို့နောက် လူရည်ချွန်စီမံကိန်းဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဒုတိယ ၀န်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လူရည်ချွန်ကျောင်းသားများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးနှင့် တာဝန်ရှိသူများက လူရည်ချွန် ကျောင်းသူများအားလည်းကောင်း လူရည်ချွန်တံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းတို့ထံ ငွေဆောင်လူရည်ချွန် အပန်းဖြေစခန်းစခန်းမှူး ဒေါ်မြင့်မြင့်သန်းက စခန်းဖွင့်ပွဲ မော်ကွန်းတံဆိပ်နှင့် လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့မှ တာဝန်ရှိသူများ က အမှတ်တရတံဆိပ်တို့ကို ပေးအပ်ကြသည်။
ယင်းနောက် လူရည်ချွန်မောင်မယ်များကိုယ်စား သုံးထပ်ကွမ်းလူရည်ချွန်ကျောင်းသူ မပန်းဖြူဖြူဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပုသိမ်မြို့ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက ကျွန်တော့်ရည်မှန်းချက် တေးသီချင်းဖြင့် လည်းကောင်း၊ ပညာအလင်္ကာတေးဂီတအဖွဲ့မှ ဧရာဝတီရဲ့အလှ တေးသီချင်းဖြင့်လည်းကောင်း၊ လူရည်ချွန်မောင်မယ်များ က စခန်းနွေမွန် လူရည်ချွန်တေးသီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြသည်။       
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် လူရည်ချွန် ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ကြသည်။
ညနေပိုင်းတွင် လူရည်ချွန်ကျောင်းသားကျောင်းသူများသည် ငွေဆောင်ကမ်းခြေတွင် ပျော်ရွှင်စွာရေကစားကြပြီး ညပိုင်း တွင် ပုသိမ်မြို့နှင့်ငွေဆောင်မြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ ပညာအလင်္ကာတေးဂီတအဖွဲ့မှ တေးသံရှင်များက အကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။  
မျိုးသူဟိန်း(သတင်းစဉ်)     

No comments:

Post a Comment