ရန်ကုန်- ဧပြီ - ၂၉
ရခိုင်ပြည်နယ်၏ သာယာလှပမှု၊ ဒေသခံတိုင်းရင်းသားများ၏
ရိုးသားဖြူ စင်မှုတို့သာမက ရခိုင်ပြည်နယ်၏ ပုံရိပ်ကို မြှင့်တင်ပေးနိုင်မည့် ရုပ်ရှင်ဇာတ်ကား
ရိုက်ကူးနိုင်ရေး ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီ က ရန်ကုန်မြို့ ပြည်လမ်းရှိ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာတွင် ရခိုင်ပြည်နယ်၏
သာယာလှပမှု ၊ ဒေသခံ တိုင်းရင်းသားများ၏ ရိုးသားဖြူစင်မှုများသာမက ရခိုင်ပြည်နယ်ရှိ ဒေသခံများ၏
လူမှုစီးပွားဘ၀များ ပေါ်လွင်အောင် ရိုက်ကူးရေး၊ ရခိုင်ပြည်နယ်၏ ပုံရိပ်ကို မြှင့်တင်
မှုနှင့်အတူ မြန်မာနိုင်ငံ၏ အပေါင်းလက္ခဏာ ဆောင်သော ပုံရိပ်များကို ဖော်ထုတ် ပြသနိုင်ရေး
ရည်ရွယ်ချက်ဖြင့် ရိုက်ကူးလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရဲနိုင် ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကများဖြစ်သည့်
ပန်းချီဦးစိုးမိုးနှင့် ဦးအောင်လွင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း
၊ ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီမိတက် အမှုဆောင်အရာရှိချုပ် ဦးဇော်သက်မောင်၊ Forever
Group CEO ဦးဝင်းမော် ၊ မင်္ဂလာ ကုမ္ပဏီလီမိတက် ဥက္ကဌ ဦးဇော်မင်း ၊ ဒါရိုက်တာ စင်ရော်မောင်
မောင် ၊ ဒါရိုက်တာမောင်မျိုးမင်း ၊ ဒါရိုက်တာ ညီညီထွန်းလွင်၊ ဒါရိုက်တာ ဇော်မြင့်ဦး၊
မြန်မာနိုင်ငံ ဂီတအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ထူးအောင်တို့က ဇာတ်လမ်း ဇာတ်ညွှန်းရွေးချယ်နိုင်ရေး
အပါအ၀င် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ယနေ့အစည်းအဝေးတွင် ရခိုင်ပြည်နယ်၏ ပုံရိပ်ကို
မြှင့်တင်ပေးနိုင်မည့် Documentary ပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် ဆက်လက်ပြီး
Documentary များ ရိုက်ကူး နိုင်ရေး၊ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနိုင်ရေးတို့နှင့် ပတ်သက်၍
ဆွေးနွေးဆုံးဖြတ်ခဲ့ကြ သည်။
နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည်
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်း ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရေကူးအသံလွှင့်
စက်ရုံ ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ရေကူးအသံလွှင့်စက်ရုံ အစည်းအဝေးခန်းမတွင်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က ရေကူးအသံလွှင့်စက်ရုံ၏
လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ၀န်ကြီးက အဆောက်အအုံများများ
ပြုပြင်ဆောင်ရွက်ရာတွင် သဘာဝ ဘေးအန္တ ရာယ် အတွက် ကြိုတင်ထည့်သွင်း ဆောင်ရွက်ရေး၊ ရေဒီယိုအစီ
အစဉ်များတွင် ပြည်ပရောက် မြန်မာ အလုပ်သမားများအတွက် သတင်း အချက်အလက်များကို အချိန်နှင့်
တပြေးညီ ပေးနိုင်အောင် စီစဉ်ထုတ်လွှင့်ရေးနှင့် ရေကူးအသံလွှင့် စက်ရုံဝင်းအတွင်း မီးဘေး
လုံခြုံရေးအတွက် ရေရှည် အစီအမံများ ချမှတ် ဆောင်ရွက်သွားရေးတို့ကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေကူးအသံလွှင့်
ရေကူးစက်ရုံဝင်း အတွင်းရှိ မီဒီယာနှင့် ပတ်သက်သည့် အဆောက်အဦးများ ၊ စတူဒီယိုများနှင့်
ဝန်ထမ်း အိမ်ယာများ ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှု ခဲ့သည်။ ( သတင်းစဉ်)
No comments:
Post a Comment