Saturday, April 28, 2018

လွိုင်ကော်ခရိုင်ဥပဒေရုံးနှင့် လွိုင်ကော်မြို့နယ်ဥပဒေရုံး အဆောက်အဦသစ် ဖွင့်ပွဲ ကျင်းပ


လွိုင်ကော် ဧပြီ ၂၈
ကယားပြည်နယ် ဥပဒေချုပ် ရုံးဝင်းအတွင်း တည်ဆောက်ထားသော လွိုင်ကော်ခရိုင်ဥပဒေရုံးနှင့် လွိုင်ကော်မြို့နယ်ဥပဒေရုံး RC နှစ်ထပ် အဆောက်အအုံသစ် ဖွင့်ပွဲကို ဧပြီ ၂၈ ရက် နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ က လွိုင်ကော်ခရိုင်ဥပဒေရုံးနှင့် လွိုင်ကော်မြို့နယ်ဥပဒေရုံး ဆောက်လုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လွိုင်ကော်ခရိုင်ဥပဒေရုံးနှင့် လွိုင်ကော်မြို့နယ်ဥပဒေရုံး အဆောက်အအုံသစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ရုံးအဆောက်အအုံသစ်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ သည်။ အဆိုပါ ရုံးအဆောက်အအုံသစ်သည် အလျား ၆၂ ပေ၊ အနံ ၃၀ ပေ ရှိပြီး ခွင့်ပြုရန်ပုံငွေကျပ် ၁၀၀ သန်း ဖြင့် ဆောက်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်

No comments:

Post a Comment