ပြည်ကြီးတံခွန်
ဧပြီ ၂၈
စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း
(Book Club) က ဦးဆောင်၍ ဆရာညီပုလေး၏ “ထက်မြက်တဲ့ဓါးသွားပေါ်က
ချိုမြမြ ပျားရည်စက်” ၂၀၁၆ ခုနှစ် အမျိုးသားစာပေ၀တ္ထုရှည်ဆုရ စာအုပ်အား ရေးသူ/ဖတ်သူတွေ့ဆုံဆွေးနွေးပွဲ
စာပေစကားဝိုင်း ကို မန္တလေးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန
(Community Centre) တွင် ယနေ့ နံနက် ၉ နာရီ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်က အဖွင့်အမှာ စကားပြောကြားပြီး မန္တလေး တိုင်းဒေသကြီး
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေေ၀ဖြိုးက စာပေစကားဝိုင်း
ကျင်းပ ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆရာညီပုလေး၏ “ထက်မြက်တဲ့ဓါးသွားထက်က
ချိုမြမြ ပျားရည်စက်” စာအုပ်အား စာရေးဆရာကြီးများဖြစ်ကြသော ဆရာညီပုလေး၊ ဆရာသင့်နော်၊
ဆရာသိုက်ထွန်းသက်၊ ဆရာဂျိုဇော်၊ ဆရာအနီမောင်၊ဆရာဇော်ထွန်း (ဘာသာပြန်) တို့က ဦးဆောင်၍
ဆွေးနွေးကြရာ တက်ရောက်လာသော စာရေးဆရာများနှင့် စာပေ၀ါသနာရှင်များက သိရှိလိုသည်များ
မေးမြန်းဆွေးနွေးခဲ့ကြသည်။ ၄င်းနောက် ဦးဆောင် ဆွေးနွေးသည့် စာရေးဆရာကြီးများအား တာဝန်
ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ စာပေစကားဝိုင်းသို့
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာ
ညီပုလေးနှင့် မန္တလေးခရိုင် (၇) မြို့နယ် အတွင်းရှိ စာရေးဆရာများ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း
(Book Club) အဖွဲ့ဝင်များနှင့် သင်တန်းသား/သူများ၊ အားကစားနှင့်ကာယပညာသိပ္ပံမှ ကျောင်းသား/သူများ၊
နည်းပညာတက္ကသိုလ်မှ ကျောင်းသား/သူများနှင့်စာပေ၀ါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)
No comments:
Post a Comment