စင်ကာပူ ဧပြီ ၂၇
(၃၂)ကြိမ်မြောက်
အာဆီယံမျက်နှာစုံညီထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်း အဝေး များတက်ရောက်ရန် စင်ကာပူနိုင်ငံ၌
ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် စင်ကာပူမြို့ရှိ
Gardens by the Bay ဥယျာဉ်သို့ သွားရောက် လေ့လာသည်။
နိုင်ငံတော်သမ္မတသည်
အဖွဲ့ဝင်များနှင့်အတူ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် Gardens by the Bay သို့ရောက်ရှိပြီး
ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု လေ့လာရာ Chief Executive Officer Mr. Felix Loh က လိုက်လံရှင်းလင်းပြသ
သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည်
Gardens by the Bay ဥယျာဉ် ဧည့်သည် တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး Mr. Felix
Loh အား အမှတ်တရ လက်ဆောင် ပစ္စည်း ပေးအပ်သည်။
မွန်းလွဲပိုင်းတွင်
နိုင်ငံတော်သမ္မတသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့်
သီးခြားစီတွေ့ဆုံသည်။
နိုင်ငံတော်သမ္မတသည်
စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းနှင့် စင်ကာပူမြို့ Istana
Presidential Palace ၌တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊
နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် နိုင်ရေး၊ စင်ကာပူနိုင်ငံက
မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် အသက်မွေးဝမ်း ကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်
ဆက်လက် အကူအညီ ပေးအပ် သွားရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ လူသားချင်း စာနာထောက်
ထားမှုအကူအညီများ ပေးအပ်ရေးကိစ္စများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
လာအိုနိုင်ငံဝန်ကြီးချုပ်
မစ္စတာထောင်လွန်းဆီဆုလစ်နှင့် စင်ကာပူမြို့ ရှန် ဂရီလာ ဟိုတယ်၌ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား
ချစ်ကြည်ရင်းနှီးမှုရှိသော ဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်နိုင်ရေးနှင့်
နိုင်ငံတော်သမ္မတအား လာအို နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရေးကိစ္စများကို
ဆွေးနွေးခဲ့ ကြသည်။
အင်ဒိုနီးရှားနိုင်ငံ
သမ္မတမစ္စတာ ဂျိုကိုဝီဒိုဒိုနှင့် ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့်
ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ရခိုင်ပြည်နယ် အရေး ကိစ္စနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု
အကူအညီများပေးအပ်ရေး၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌
ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့၏ နှစ်ပတ်လည် အစည်းအဝေးများနှင့်
ဆက်စပ်ကျင်းပပြုလုပ်မည့် အာဆီယံခေါင်းဆောင်များ၏ တွေ့ဆုံပွဲ (ASEAN Leaders
gathering)သို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ရေးကိစ္စရပ်များကို ဆွေး နွေးခဲ့ကြသည်။
ညနေပိုင်းတွင်
နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် အလုပ်သဘော
ညစာစားပွဲသို့ တက်ရောက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည်
စင်ကာပူမြို့ Istana Presidential Palace ၌ကျင်းပသည့် (၃၂)ကြိမ်မြောက် အာဆီယံမျက်နှာစုံညီထိပ်သီး
အစည်းအဝေး (Plenary Session)သို့ တက်ရောက်သည်။
မျက်နှာစုံညီအစည်းအဝေးတွင်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကြံ့ခိုင်နိုင် စွမ်းရှိ၍ တီထွင်ဆန်းသစ်သည့် အာဆီယံတည်ဆောက်ခြင်း
(Building a “Resilient and Innovative” ASEAN)ခေါင်းစဉ်အောက်တွင် ပါဝင်ဆွေးနွေးခဲ့သည်။
ညစာစားပွဲနှင့်
မျက်နှာစုံညီအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ် ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊
လာအို၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ
နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရ အဖွဲ့အကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့
တက် ရောက်ကြသည်။

No comments:
Post a Comment