နေပြည်တော် ဧပြီ ၂၉
ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နေပြည်တော်
မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည့် ရခိုင်ပြည်နယ်တည်ငြိမ်
အေးချမ်းရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေ သော အစိုးရဌာနဆိုင်ရာ
ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ
လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး
ဌာနအနေဖြင့် ဒေသတွင်း ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေပြီး လိုအပ် ချက်များကို
လေ့လာဆောင်ရွက်ကာ လေ့လာထားမှုနှင့် အတွေ့အကြုံများ ပေါင်းစပ်၍ အကောင်း ဆုံးဖြစ်အောင်
ဆောင်ရွက်နေပါကြောင်း၊ အစ္စလာမ်ဘာသာဝင်များ၏ ခံစားမှုသာမက ရခိုင်တိုင်း ရင်းသားများ၊
ရခိုင်မျိုးနွယ်စုငယ်များ၊ ဟိန္ဒူ၊ ကမန်၊ မရမာကြီးစသည်တို့၏ ခံစားမှုများ၊ မည်သို့ရှိ
သည်ကို လေ့လာထားပြီးဖြစ်ကြောင်း၊ အစိုးရသစ်အနေဖြင့် လူမှုသဟဇာတ မဖြစ်ရခြင်း၏ အခြေခံအကြောင်းရင်းများ
ဖော်ထုတ်ခဲ့ရာတွင် အကြောင်းရင်းများ ထွက်ပေါ်လာ သော်လည်း နှစ်ရှည်လများစွာကတည်းက ဖြစ်ပေါ်နေသော
အကြောင်းရင်းများ ဖြစ်သဖြင့်ဖြေရှင်း ရန် ခက်ခဲပါ ကြောင်း။
၂၀၁၆ခုနှစ် အောက်တိုဘာ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှုတွင်လုံခြုံရေး
တပ်ဖွဲ့ဝင်များ ကျဆုံးမှုများရှိပါကြောင်း၊ ယင်းတိုက်ခိုက်မှုဖြစ်စဉ် နောက်ပိုင်းတွင်
ဒုတိယသမ္မတ ဦးမြင့်ဆွေဦး ဆောင်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အကြံပြုချက်(၄၈)ချက်
ပေါ်ထွက်ခဲ့ကြောင်း၊ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ
အပြီးသတ် အစီရင်ခံ စာတင်သွင်းပြီး အကြံပြုချက် (၈၈) ချက် ပေါ်ထွက်ခဲ့ပါကြောင်း၊ ဒုတိယသမ္မတ
ဦးမြင့်ဆွေ ဦးဆောင် သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏အကြံပြုချက်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး
ကော်မရှင် တို့၏ အကြံပြုချက်များသည် အတော်များများ တူညီပါကြောင်း။ အကြံပြုချက်များအား
အကောင် အထည်ဖော်ရန် ကော်မတီဖွဲ့စည်း ဆောင်ရွက်နေပါကြောင်း၊ အကောင်အထည်ဖေါ် ဆောင်ရွက်
နေသည့် အချိန်တွင်လည်း ပဋိပက္ခများဆက်လက် ဖြစ်ပွားခဲ့ပါကြောင်း။
အဆိုပါ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာသည့်အတွက် ရေရှည်ဖြေရှင်းရန်
၊ လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းများရှိလာ သည့်အတွက် လိုအပ်ချက်အရ UEHRD “Union
Enterprise For HumantarianAssistance, Resettlement and Development In Rakhine” ပြည်ထောင်
စုစီမံကိန်းကိုဖွဲ့စည်း ထားပါကြောင်း၊ မြန်မာနိုင်ငံသည်
ဘာသာပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံတို့ ပေါင်းစည်းနေ ထိုင်ကြကြောင်း၊ သို့ဖြစ်၍
ပြည်ထောင်စုစိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် UEHRD ကိုထူထောင်ခဲ့ခြင်းဖြစ်ကြောင်း၊
နေရပ်စွန့်ခွာကြသည့် သူများ မိမိနေရပ်တွင် ပြန်လည် နေရာချထားရန်၊ ပြန်လည် ထူထောင်ရေး
ဆောင်ရွက်ပေးရန်၊ လူမှုစီးပွား ဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေး ရည်ရွယ်ချက်များဖြင့်
UEHRD ကိုထူထောင် ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံးသာမက ပြည်ပရောက်မြန်မာ
များပါပါဝင်နိုင်စေရန်ဖွဲ့ စည်းထားခြင်းဖြစ်ကြောင်း၊ အဆိုပါရည်ရွယ်ချက်များ ပြည့်မြောက်အောင်ဆောင်ရွက်ရာတွင်
အိမ်နီးချင်း နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြ
မည်ဖြစ် ကြောင်း။
သို့ရာတွင် တိုင်းရင်းသားများက နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့်မျှတစွာ
ဆောင် ရွက်စေ လိုသည့်ဆန္ဒရှိကြကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်း များ၏ဆောင်ရွက်ချက် များသည်
မမျှတဟု တိုင်းရင်းသားများက ခံစားကြရကြောင်း၊ တိုင်းရင်းသားများအတွက် လာရောက် ဆောင်ရွက်သည်ကို
ကျေးဇူးတင်ပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီး ပွားဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်သည့်
အချိန်တွင် လုံခြုံရေးနှင့်ပတ်သက်၍ သုံးသပ်ဖော် ထုတ်ချက်များ အရ နယ်စပ်လုံခြုံရေး အရေးကြီးသည်ကို
တွေ့ရှိရကြောင်း၊ ရခိုင်ဒေသအတွက် ကုန်းပိုင်းနှင့် ရေပိုင်းနယ်စပ်များရှိသဖြင့် ကုန်းပိုင်းလုံခြုံရေးအတွက်
နယ်စပ်ခြံစည်းရိုး ကာရံခြင်းကို ဆောင်ရွက် နိုင်သော်လည်း ရေပိုင်းလုံခြုံရေးအတွက် အင်တိုက်အားတိုက်
စနစ်တကျပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း၊ အခက်အခဲများရှိသော်လည်းအား လုံးပူးပေါင်း
ဆောင်ရွက်ပါက ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင် တာဝန်ယူ ဆောင်ရွက်နေသည့်
ဌာနများအပြင် ဒေသတွင်းနေထိုင်သူများဖြစ်သည့် ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမီ၊ မရမာကြီး၊
သက်၊ ကမန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များအားလုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်
မည်ဖြစ်ကြောင်း။
လွတ်လပ်စွာသွားလာခွင့်တွင် အစ္စလာမ်ဘာသာဝင်များသာမက တိုင်းရင်း
သားလူနည်း စုများ၊ ဟိန္ဒူများတွင် လည်းအခက်အခဲများ ခံစားနေရသည့်အတွက် ဌာနဆိုင်ရာ များ
အားလုံးပူး ပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်သည့်နေရာတွင် လွတ်လပ်စွာ သွားလာခွင့်
ဆိုသည်မှာ စည်းကမ်းဖြင့် သွားလာခွင့်ကိုဆိုလိုကြောင်း၊ ခရီးထွက်ပါက လူတိုင်း အထောက်အထား
ယူဆောင်သွားကြရမည် ဖြစ်ပါကြောင်း၊ လမ်းခရီးတွင် စစ်ဆေးမှုများရှိပါက ကြည်ဖြူစွာခံ ယူရမည်
ဖြစ်ကြောင်း၊ ဒေသန္တရ ညွှန်ကြားချက်များရှိပါကလည်း လိုက်နာရမည်ဖြစ် ကြောင်း၊ တရားဥပဒေ
စိုးမိုးရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရားသော ဥပဒေများကို တပြေးညီ ချမှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ပထမ အချက်အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် ဦးစွာဆောင်ရွက်မည်ဟု
နိုင်ငံတော်သမ္မတက မိန့်ကြားထားကြောင်း၊ ဒုတိယ အချက် အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
ပြည်တွင်းငြိမ်းချမ်းရေး အတွက် လည်း ဦးစားပေး ဆောင်ရွက်သွားမည်ဟု ပြောကြားထားကြောင်း၊
တိုင်းရင်းသားအားလုံး သင့်မြတ် အောင် ဆောင်ရွက်နိုင်မှသာ ပဋိပက္ခ ကင်းဝေးမည်ဖြစ်ကြောင်း၊
တတိယအချက်အနေဖြင့် အများလိုလား တောင့်တသော ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန်ဖြစ်ကြောင်း။
တက်ရောက် လာသူများတွင် ပြည်သူမှ တင်မြှောက်ရွေးချယ်ထားသော လွှတ်တော်ကိုယ်
စားလှယ်များ၊ ဌာနဆိုင်ရာများ (ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်)များ၊ လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ
ပါဝင်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများ၏ အခက်အခဲအကြပ် အတည်းများ ပြေလည်စေရန်
အန္တရာယ်မရှိသော၊ ဥပဒေကို ဆန့်ကျင်ရာမကျသော ဖြေလျော့ မှုများ၊ ကန့်သတ်မှုများကို ပယ်ဖျက်ခြင်းများဆောင်ရွက်နေကြောင်း၊
မီဒီယာများသည်လည်း တာဝန်ရှိသူများ ပြောကြား သောစကားများ၊ အကြောင်းအရာများ၏ အဓိပ္ပာယ်ကိုအဆုံးထိ
လေ့လာနားလည်ထားရန်လို ကြောင်း၊ တစ်ခွန်းရတစ်ခွန်း ထုတ်ပြန်ခြင်းမလုပ်ဘဲ သတင်းများကို
မှန်မှန်ကန်ကန် ထုတ်ပြန်ရန် လိုကြောင်း၊ တက်ရောက်လာကြသော မတူညီသည့် ဘာသာပေါင်းစုံ၊
လူမျိုးပေါင်းစုံတို့၏ ကြိုတင် အစည်းအဝေးပြုလုပ်၍ ဆွေးနွေးမှုရလဒ်များ၊ ယနေ့ဆွေးနွေးမှုများမှ
ထွက်ပေါ်လာ သောရလဒ်များကို ဖြန့်ဝေပေးရန်လိုကြောင်း၊ သက်ဆိုင်ရာဒေသ အသီးသီးတွင် လည်း
ယခုကဲ့သို့တွေ့ဆုံ မှုများဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် နည်းလမ်း
ပေါင်းစုံနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း၊ လိုအပ်ချက်များကိုလည်း နိုင်ငံတော်
အစိုးရက ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး
ဌာန ဒုတိယ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ ရခိုင်ပြည်နယ်
လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ
ရခိုင်၊မြို၊ ဒိုင်းနက်၊ ခမီ၊ မရမာကြီး၊ သက်၊ ကမန်၊
ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment