နေပြည်တော် ၂၉ ဧပြီ
မြန်မာသက္ကရာဇ်
၁၃၈၀ ပြည့်နှစ် ကဆုန်လပြည့်နေ့ ယနေ့တွင်ကျရောက်သော ညောင်ရေသွန်းလောင်း
ပူဇော်ပွဲတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊
ရေ၊ လေ) မိသားစုများသည် နေပြည်တော်ဇေယျာသီရိမြို့နယ် ဇေယျာသီရိ
ကုန်တိုက်ရှေ့ လောကချမ်းသာ ဆုတောင်းပြည့်ဘုရားကြီးရှိ
မဟာဗောဓိညောင်ပင်များကို ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် လောကချမ်းသာဆု တောင်းပြည့်ဘုရားကြီးအား ပန်း၊ ဆီမီးနှင့် သောက်တော်ရေချမ်းတို့ ဆပ်ကပ်လှူဒါန်း သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသည် လောကချမ်းသာ ဆုတောင်းပြည့်ဘုရားကြီး ပရိဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား သတ်မှတ်ထားသည့်နေရာများမှ ညောင်ရေသွန်း လောင်းပူဇော်ကြကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခဲ့ကြကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)

No comments:
Post a Comment