မအူပင်၊ ဧပြီ ၂၇
ရခိုင်ပြည်နယ်သို့
အကူအညီပေးရေးနှင့် Town Plan ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဧရာဝတီ
တိုင်းဒေသကြီး မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မအူပင်မြို့နယ် တိုင်းဒေသကြီး
(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး၊
မအူပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဇော်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်
ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
ဧရာဝတီတိုင်းအတွင်းရှိ ခရိုင်/မြို့နယ်များနှင့် တိုင်းဒေသကြီး ပူးပေါင်း၍ လူသားချင်းစာနာသော
စိတ်ဓာတ်ဖြင့် ရခိုင်ပြည်နယ်အရေးအတွက် အကူအညီပေးရန် စုပေါင်းထည့်ဝင်လှူဒါန်းမှုနှင့်
ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပါသည်။ ထို့နောက် ခရိုင်အတွင်းရှိ မအူပင်မြို့နယ်၏ လှူဒါန်းငွေကျပ်
သိန်း(၂၀၀)၊ ပန်းတနော်မြို့နယ်၏ လှူဒါန်းငွေကျပ်သိန်း(၁၂၀)၊ ညောင်တုန်းမြို့နယ်၏လှူဒါန်းငွေ
(၁၇၀,၈၈၆,၅၀)ကျပ်၊ ဓနုဖြူမြို့နယ် လှူဒါန်းငွေပေါင်း (၆၄၀,၈၈၆,၅၀)ကျပ်တို့အား မြို့နယ်အလိုက်
အုပ်ချုပ်ရေးမှူးများက လှူဒါန်းကြရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်က လက်ခံကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးမြို့ပြနှင့်
အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးနေမင်းထက်က မအူပင်မြို့နယ် Town
Plan နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ သိလိုသည်များကို တက်ရောက်သူများက ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြောင်း
သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်
(မအူပင်)

No comments:
Post a Comment