နေပြည်တော်
ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေး စိစစ်မှုပြုရန်အတွက်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၂/၂၀၁၈)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၈
ခုနှစ် ဖေဖော်ဝါရီ လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ်သည်။
အစည်းအဝေးကို
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း အပါအဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်
အဖွဲ့ဝင် (၉)ဦး တက်ရောက်ကြသည်။
အဆိုပါ
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူက တင်ပြလာသော ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် လျှောက်ထား
လွှာများအား စိစစ်ခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုမိန့်
ရရှိပြီးသော ကုမ္ပဏီများမှ တင်ပြလာသည့် အထွေထွေ
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင်၏ (၂/၂၀၁၈) အစည်းအဝေးမှ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား
ခွင့်ပြုမိန့်(၈)ခုနှင့် အတည်ပြုမိန့်(၃)ခု ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့သည်။
(သတင်းစဉ်)
No comments:
Post a Comment