နေပြည်တော် ဖေဖော်ဝါရီ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာ ၀င်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ
သံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti က ယနေ့
နံနက်ပိုင်းတွင် အဆိုပါ ၀န်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ်
နိုင်ငံအတွင်းနေထိုင်ခွင့် အထောက်အထားNVC (National Verification Card) ကိုင်ဆောင်
ထားခြင်းဖြင့် လွတ်လပ်စွာ သွားလာခွင့်အား ဥပဒေအရ ရရှိနိုင်ရေး၊ ကန့်သတ်ချက်များလျော့ချနိုင်ရေးနှင့်
ကျန်းမာရေးနှင့် ပညာရေး လက်လှမ်း မှီရေး သက်မွေးဝမ်းကျောင်း လုပ်ငန်းများအား လွတ်လပ်စွာ
လုပ်ကိုင်နိုင်ရေး ကိစ္စရပ်များ၊ UEHRD အစီအစဉ်ဖြင့် လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ရေးနှင့်
ပြန်လည် လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်
အကောင်အထည် ဖေါ်ဆောင်ရွက်ရေးကိစ္စ၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ စီးပွားရေးဇုန်များ
တည်ထောင်ရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် အသက်မွေးဝမ်း ကျောင်းသင်တန်းများစီစဉ် ဖွင့်လှစ်ရေး၊
ကျန်းမာရေး စောင့်ရှောက်မှုများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် သတင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများ
ဖွံ့ဖြိုးရေးစနစ်တို့ကို စနစ်တကျစီစဉ် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment