နေပြည်တော်
ဖေဖော်ဝါရီ ၂
ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် The Asia Foundation အဖွဲ့၏ ဘုတ်အဖွဲ့ဝင်များ၊ အမှုဆောင်များ၊
ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပေးနိုင်ခဲ့မှု၊
နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုတိုးတက်ကောင်းမွန်စေရန်
ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင်
အပိုင်း(၃)ပိုင်းဖြစ်သည့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ
အဆင့်ဆင့်နှင့် မဲဆန္ဒရှင်များအား အသိပညာ ပေးခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စီမံခန့်ခွဲခြင်း
တို့ဖြင့် ကြိုတင်ပြင်ဆင်ဆောင် ရွက်လျက်ရှိသည့် အခြေအနေတို့အား ဆွေးနွေးပြောကြားသည်။
ကိုယ်စားလှယ်အဖွဲ့မှ
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် ရွေးကောက်ပွဲ စနစ်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်
ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် တွေ့ကြုံလာနိုင်မည့်
စိန်ခေါ်မှုများ၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းစဉ်များ၌
သတင်းအချက်အလက် နည်းပညာ အသုံးပြု၍ ကူညီ ဆောင်ရွက်ပေး နိုင်ခဲ့မှု၊ နောင်ကျင်းပရန်ရှိသည့်
ရွေးကောက်ပွဲများတွင် ဆက်လက် ပံ့ပိုးကူညီပေးနိုင်မည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးမှုများကို
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment