နေပြည်တော် ဖေဖော်ဝါရီ ၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် Asia
Foundation ရုံးချုပ်မှ ဥက္ကဌ Mr. David D. Amold ဦးဆောင်သော (၃၂) ဦးပါ အဆင့်မြင့်အလုပ်အမှုဆောင်အဖွဲ့အား
ယနေ့ ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီ အစည်းအဝေးခန်းမ၌
လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံစဉ် Asia Foundation အနေဖြင့်
စွမ်းရည်မြင့်တင်မှု ကဏ္ဍ၊ ပညာရေးကဏ္ဍတို့တွင် ပံ့ပိုး ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို
ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ချက် တို့နှင့် ပတ်သက်၍ လည်းကောင်း၊ ရခိုင်ပြည်နယ်
တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးရေးဆောင်ရွက်မှု များနှင့် ပတ်သက်၍လည်းကောင်း နှစ်ဖက်အမြင်ချင်းဖလှယ်
ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ မဟာဗျူဟာလေ့လာရေးနှင့်
လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
No comments:
Post a Comment