မော်လမြိုင် စက်တင်ဘာ ၃
မွန်ပြည်နယ်၊
မော်လမြိုင်မြို့တွင် Super Search Co.Ltd မှ ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်တွင် ဘုရားဖူးပြည်သူများအတွက်
လိုအပ်နေသော Toliet နှင့် ရေသန့်ရှင်းရေးကိစ္စများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ
US 50000 ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့ နံနက် (၉)နာရီ ၃၀ မိနစ်အချိန်တွင်
မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်အစည်းအဝေးခန်းမ၌
ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာအေးဇံက ကျိုက်ထီးရိုး စေတီတော် ဂေါပကအဖွဲ့ဝင်များအား ကျိုက်ထီးရိုးစေတီတော်တောင်ပေါ်တွင် ဘုရားဖူးပြည်သူများအတွက်
လိုအပ်နေသော Toliet နှင့် ရေသန့်ရှင်းရေး ကိစ္စများကို ဆောင်ရွက်နိုင်ရန် ဆောက်လုပ်မည့်
မြေနေရာများ သတ်မှတ်ပြီး ဆောက်လုပ်ကျရန် လမ်းညွှန်မှာကြားပြီး Super Search Co.Ltd မှပေးအပ်လှူဒါန်းသည့်
အမေရိကန်ဒေါ်လာ US 50000 အား ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စုပေါင်းလက်ခံခဲ့ကြကြောင်း
သိရသည်။
အဆိုပါအခမ်းအနားသို့
ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ Super Search Co.Ltd မှတာဝန်ရှိသူများ၊
ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်
(ပြန်/ဆက်)
No comments:
Post a Comment