နေပြည်တော် စက်တင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်
ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်တွင် ကျန်းမာရေးအထောက်အကူပြု ဇီဝက (အခမဲ့)
ဆေးခန်းဖွင့်ပွဲကို စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီက အဆိုပါဆေးခန်းရှိရာ
ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ်
ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းအောင်က အဖွင့်အမှာ စကားပြောကြားပြီး၊
ဆေးခန်းဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးစိုးဝင်းမှ ဆေးခန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် အားပြောကြားသည်။ဆက်လက်၍
ဆေးခန်းအတွက် ကုသိုလ်ရှင်းများမှ
ဆေးပဒေသာအလှူငွေနှင့် ဆေးပစ္စည်းများလှူဒါန်းရာ ဆေးခန်းဖြစ်မြောက်ရေး ကော်မတီဝင်များမှ
လက်ခံရယူကြသည်။
ယင်းနောက် ဗိုလ်မှူး ဦးစောအောင်ဝင်း၊
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးအောင်နိုင်တို့က ဇီဝက
(အခမဲ့)ဆေးခန်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ခဲ့သည်။
အဆိုပါဆေးခန်းနှင့်ပတ်သက်၍ “ ဆေးခန်းကို ရပ်ကွက်အုပ်ချုပ်ရေး၊
ရပ်မိရပ်ဖ၊ စေတနာ လုပ်အားပေး လူငယ်များဖြင့် ဖွဲ့စည်းပြီး အဓိကရည်ရွယ်ချက်ကတော့
ရပ်ကွက်သူ/ သားများကို တစ်ဖက်တစ်လမ်းကနေပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ဖြစ်ပါတယ်၊
ကွန်တော်တို့ ရပ်ကွက်ဟာ အငြိမ်းစား ဝန်ထမ်းများနှင့် သာမန်လက်လုပ်လက်စားများ
အများဆုံး နေထိုင်ကျပါတယ်၊ ယခုဆေးခန်းဟာ ကျန်းမာရေးကဏ္ဍမှာ လိုအပ်ချက်တစ်ခုအနေဖြင့်
ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တဲ့အတွက် ရပ်ကွက်နေပြည်သူများလည်း အတိုင်းမသိ ဝမ်းသာနေမှာပါ
ဆေးမှာဆိုရင် မတည် အလှူရှင်များနှင့် ဆေးပစ္စည်း လှူဒါန်းခြင်း တန်းဖိုးဟာဆိုရင်
ကျပ်(၅၅)သိန်းကျော်ရှိပြီး ဆေးခန်းအတွက် လိုအပ်တဲ့ ပစ္စည်းများ
တစ်ဆယ့်ရှစ်သိန်းကျော်ဖိုး ဝယ်ယူဖြည့်ဆည်းပြီး လစဉ်ဆေးအလှူရှင်များနှင့် အမြဲ လည်ပတ်နိုင်အောင်
စီမံထားပါတယ်၊ ဆေးခန်းရေရှည်တည်တံ့နိုင်ရန်အတွက် မြို့နယ်ကျန်းမာရေး၊ ရပ်ကွက်ကျန်းမာရေးတို့နှင့်
ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း “ ဆေးခန်း ဖြစ်မြောက်ရေး ဥက္ကဋ္ဌ
ဦးစိုးဝင်းမှ ပြောကြားသည်။
ဇီဝက (အခမဲ့) ဆေးခန်းကို အပတ်စဉ်
တနင်္ဂနွေနှင့် တနလာင်္ရက်များတွင် မွန်းလွဲ ၃
နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက
ရပ်ကွက်နေ ပြည်သူများအား ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဥတ္တရခရိုင်ပြန်/ဆက်
No comments:
Post a Comment