စဥ့်ကိုင် သြဂုတ် ၎
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်
ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ထန်းသုံးပင် ကျေးရွာရှိ မဂ္ဂင်ဓမ္မရိပ်သာ အခွန်လွတ်သာသနာ့မြေဂရန်
ဆပ်ကပ် လှူဒါန်းပွဲကို စက်တင်ဘာ(၃)ရက် နံနက်(၁၀)နာရီ ၃၀ မိနစ်အချိန်တွင် အရိယဝံသ မိုးကုတ်ဝိသာနာ
မဂ္ဂင်ဓမ္မရိပ်သာ ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေနှင့်
ဝန်ထမ်းများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆို၍
အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက်ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများ၊
တာဝန်ရှိသူများက မဂ္ဂင်ဓမ္မရိပ်သာ အခွန်လွတ် သာသနာ့မြေဂရန်အား ဆပ်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ
ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မွန်းတည့်(၁၂)နာရီတွင် ပလိပ်ကျေးရွာ၊ ဗန်းမော်ကျောင်းတိုက်အတွင်းရှိ
ဒေါ်ခင်ကြည် ဓမ္မာရုံသို့ ရောက်ရှိကာ ပလိပ်၊ တဘက်ဆွဲ၊ မြောက်ကိုင်းကျေးရွာအုပ်စုများရှိ ရေဘေးရှောင်ပြည်သူများအား ဆန်၊စားဆီ၊ခေါက်ဆွဲခြောက်၊
ရေသန့်ဆေးနှင့်တီရှပ် အင်္ကျီများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စဥ့်ကိုင်မြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု
(၃၅၇ )စု၊ လူဦးရေ (၁၃၈၄)ဦး ၊တီရှပ်အင်္ကျီ (၄၁ဝ)၊
ဆန်(၁၅)အိတ်၊ စားဆီ(၉)ပုံး၊ ရေသန့်ဆေး(၂၈၈ဝ)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်

No comments:
Post a Comment