အုတ်ဖို စက်တင်ဘာ
၎
သာယာဝတီခရိုင်၊
အုတ်ဖိုမြို့ အခြေခံပညာ အထက်တန်းကျောင်း ဧရာခန်းမ၌ စက်တင်ဘာလ ၄ရက်နေ့ နံနက်ပိုင်းက
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ်အဖြစ် လွှတ်တော်ရေးရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို
ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဇော်မင်းနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက
အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စုစုကြည်မှ ပြိုင်ပွဲဆိုင်ရာ စည်းမျဉ်း
စည်းကမ်းများကို ရှင်းလင်း ပြောကြားပြီး ပြိုင်ပွဲကို စတင်ခဲ့သည်။
ပြိုင်ပွဲတွင်
မြို့နယ်အတွင်းရှိ အုပ်စု ကိုယ်စားပြု မူလတန်းပြဆရာ/ဆရာမ (၁၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ
ပထမဆုကို အမက အုတ်သျှစ်ကုန်းမှ ဆရာဦးဖြိုးသက်ဇင်၊ ဒုတိယဆုကို အထက ဂုံညင်းတန်းမှ ဆရာဦးသိန်းထိုက်ဦး၊
တတိယဆုကို အမက သင်မန်းကုန်းမှ ဆရာမဒေါ်နန်းကေခိုင်တို့က အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း
သတင်းရရှိသည်။
အောင်သူ(ပြန်/ဆက်)
No comments:
Post a Comment