Thursday, August 24, 2017

အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော် သြဂုတ် ၂၄

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်၍ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း ကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည် ၂နာရီ၌ နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။


ညှိနှိုင်း အစည်းအဝေးသို့ အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကော်မတီဝင်များ ဖြစ်ကြသည့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှ  အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကား ပြောကြားရာ၌ အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအနေဖြင့် အဓမ္မခိုင်းစေမှု ပပျောက်ရေး အပါအဝင် အိုင်အယ်လ်အိုနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အလုပ်သမား ရေးရာ ကိစ္စရပ်များ၊ ဂျီနီဗာရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီးထံမှ အဓမ္မစေခိုင်း မှုဆိုင်ရာ ပပျောက်ရေးလုပ်ငန်း စီမံချက်နှင့် ပတ်သက်သည့် အကြံပြုချက်များ၊ အိုင်အယ်လ်အို နှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ် ရေးထိုးရေးအတွက် အိုင်အယ်လ်အိုနှင့် နောက်ဆုံး ညှိနှိုင်း သဘောတူညီချက်အပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များ အနေဖြင့် ဝိုင်းဝန်းဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကိုယ်စားလှယ်များမှ ညှိနှိုင်းသဘောတူရန် လိုအပ်နေသေးသည့် အချက်များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

No comments:

Post a Comment