Monday, August 28, 2017

တရားမ အထွေထွေ လျှောက်ထားမှု(စာချွန်တော်) (၆)မှု ရုံးထိုင်ကြားနာ

နေပြည်တော် သြဂုတ် ၂၈
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမြသိမ်းနှင့် ဦးမြဟန်တို့ပါဝင်သည့် 
အပြီးသတ်ကြားနာဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင်  ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁) ၌ ရုံးထိုင်၍ တရားမ အထွေထွေ လျှောက်ထားမှု (စာချွန်တော်) (၅) မှုကို စီရင်ချက် ချမှတ်ခဲ့ပြီး တရားမ အထွေထွေ လျှောက်ထားမှု (စာချွန်တော်) (၆) မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်) 

No comments:

Post a Comment