နေပြည်တော်
သြဂုတ် ၂၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် International Commission on Financing
Global Education Opportunity မှ ကော်မရှင်နာ၊ ကိုရီးယားသမ္မတ နိုင်ငံ ပညာရေး၊ သိပ္ပံနှင့်
နည်းပညာဝန်ကြီးဟောင်း ပါမောက္ခ Ju-Ho Lee နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍
ကိုရီးယားသမ္မတ နိုင်ငံ၏ ပညာရေးစနစ် အခြေအနေ၊ အခြေခံပညာ ဆရာ/ ဆရာမများအား အရည်အချင်းမြှင့်တင်ရေး၊
International Commission on Financing Global Education Opportunity အနေဖြင့် အကူအညီပေးနိုင်မည့်
ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
(သတင်းစဉ်)
No comments:
Post a Comment