နေပြည်တော်
ဇူလိုင် ၁၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် သည် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရှေ့အာရှနှင့်
ပစိဖိတ်ရေးရာ ဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး
သံအမတ်ကြီး မစ္စတာ ဂျိုးဇက်ဝိုင်၊ ယွန်း အား ယနေ့မွန်းလွဲ ၂ နာရီတွင် ဘုရင့်နောင် ရိပ်သာ
ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဧည့်သည်တော် ၀န်ကြီးနှင့်
အဖွဲ့ဝင်များက ကိုရီးယား ကျွန်းဆွယ် အရေး၊ အာရှပစိဖိတ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့်
ကြွယ်ဝ ချမ်းသာရေး၊ အမေရိကန် - မြန်မာ စစ်ဘက် ဆက်ဆံရေး ပိုမိုမြှင့်တင်ရေးတို့နှင့်
စပ်လျဉ်း၍ ဆွေးနွေးရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကိုရီးယားကျွန်းဆွယ်အား နျူကလီးယား
ကင်းမဲ့ဇုံ ဖြစ်စေလိုကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း လက်နက်ကိုင် ပဋိပက္ခများရှိနေ၍
လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်နေကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏
တပ်မတော်များနှင့်လည်း ချစ်ကြည် ရင်းနှီးလိုပါကြောင်း ပြန်လည် ဆွေးနွေးသည်။
(သတင်းစဉ်)
No comments:
Post a Comment