မြစ်ကြီးနား
ဇူလိုင် ၁၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဖေမြင့်သည် ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေး ဝန်ကြီး ဦးနေဝင်းနှင့်
အတူ ယမန်နေ့ မွန်းလွဲ (၂)နာရီတွင် ၀ိုင်းမော်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး
စာကြည့်တိုက်နှင့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက
ရုံးစာကြည့်တိုက်တွင် စာဖတ်သူ၊ စာအုပ်ငှားသူ တိုးပွားလာစေရေးနှင့် မိမိတို့ ရုံးစိုက်ရာ
ဒေသရှိ လူအများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးနှင့် ၎င်းတို့ စိတ်ဝင်စားမှု
ရှိလာစေရေးတို့ အတွက် အဖွဲ့အစည်း အမျိုးမျိုးနှင့် ချိတ်ဆက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊
မိမိတို့ စာကြည့်တိုက်ရှိ စာအုပ်များထဲမှ ပြည်သူများ ကိုးကား အသုံးပြုနိုင်ရေး ရှာဖွေ
ဖတ်ရှုတတ်အောင် စာကြည့်တိုက်မှူးများက ကူညီ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ကလေးစာဖတ်ခန်းများသို့
ကလေးများ လာရောက်နိုင်ရေး ဖိတ်ခေါ် ဆောင်ရွက်သွားရမည် ဖြစ်ပြီး လူအများနှင့် ဆက်သွယ်
စည်းရုံး၍ ရပ်ရွာ အားကိုးသည့် စာကြည့်တိုက်များ၊ Community Centre များအဖြစ် အသုံးဝင်သည့်
နေရာ၊ အကျိုးကျေးဇူး ရှိသည့် နေရာတစ်ခု ဖြစ်လာစေရန် မိမိတို့ ၀န်ထမ်းများက ကြိုးပမ်း
ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးစာကြည့်တိုက်
အတွင်း စာအုပ်များ ခင်းကျင်း ဆောင်ရွက် ထားရှိမှု၊ စာဖတ်သူ၊ စာအုပ်ငှားမှု အခြေအနေ၊ ကလေးစာဖတ်ခန်းနှင့်
ရုံးလုပ်ငန်း ဆောင်ရွက်နေမှု တို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်နယ် ပြန်/ဆက်
No comments:
Post a Comment