နေပြည်တော်၊
ဇူလိုင် ၁၇
ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုင်ငံတကာ
ငွေကြေး ရန်ပုံငွေအဖွဲ့ (International Monetary Fund – IMF) မှ Policy and Legal
Advisor Mr. Michael Oomen ဦးဆောင်သည့် ကိုယ်စားလှယ်
အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-1) ၌
လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် အခွန်ဆိုင်ရာ ဥပဒေရေးရာ ကိစ္စရပ်များအပေါ်
အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
(သတင်းစဉ်)
No comments:
Post a Comment